Chapter 37 နောက်ပိုင်းအရသာ/ ေနာက္ပိုင္းအရသာ

3.5K 556 60
                                    

Unicode

ရေစိုနေတဲ့ ကျောင်းယူနီဖောင်းက သူ့ခန္ဓာကိုယ်မှာကပ်နေပြီး ရေထဲမှာ အပူချိန်တွေက တဟုန်ထိုး တိုးလာနေတယ်။ သူ အသက်ရှူကြပ်လာတာက ရေတွေ‌ေကြာင့်လား တစ်ခြားအရာတစ်ခုက သူ့ကိုပိတ်ဆို့ထားလို့လား မသိတော့ဘူး။ ရှောက်ဟန် အလျော့ပေးလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ပေါ်ကလူကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်ပြီး သူ့အရှေ့က မျက်နှာကို အရင်က သူအမြဲလုပ်ချင်နေခဲ့တဲ့အတိုင်း မညှာမတာ ရိုက်နှက်ပစ်လိုက်တယ်။

ရှောက်ဟန်ရဲ့ခေါင်းက အနောက်ကိုယိုင်သွားကာ  အနီရောင်ဆံပင်တချို့ ရှုပ်သွားပြီး နဖူးပြင်ပေါ်ကျလာတဲ့ ရေစက်တွေကြောင့် ဖရိုဖရဲဖြစ်ကုန်သည်။ ရှားရှားပါးပါး သူ့မျက်နှာတစ်ချက်သာပျက်သွားကာ ဆိုးဝါးတဲ့စကားတွေမပြောဘဲ နှာမှုတ်သံတစ်ချက်ထွက်လာပြီး ဒီလို ရုတ်တရက် ရိုက်ချက်နဲ့ပတ်သက်ပြီး မကျေနပ်တာပြရုံလောက်က ရှားပါးလွန်းတယ်။ 

ဒီအခိုက်အတန့်က စက္ကန့်နည်းနည်းပဲ ကြာလိုက်တာ။ ရှောက်ဟန်က ကျန်ချီကို ဖြည်းညင်းစွာ လှည့်ကြည့်လာ‌ချိန်မှာ သူ့မျက်လုံးတွေက အရင်ကထက် ပိုနက်ရှိုင်းတဲ့ အရာတစ်ခုရှိနေသလိုမို့လို့ ကျန်ချီ မနှစ်မြို့သလို ခံစားလိုက်ရတယ်။

တိတ်ဆိတ်နေမှုက တစ်ချက်တစ်ချက် ရေကန်ထဲက လှိုင်းပုတ်သံလောက်ပဲ ကြားရတော့သည်။ ကျန်ချီသည်  ရေထဲက သူ့ရဲ့ အဝတ်အစားတွေနဲ့ လေးလံစွာဖြင့် ကန်ဘောင်ပေါ်တက်သွားပြီး နောက်ကျောဘက်မှာတော့ စူးရှသည့် မျက်ဝန်းတစ်စုံက ကပ်ပါလာတယ်။

ရှောက်ဟန်က သူ့ကို နမ်းလိုက်တာနဲ့ပတ်သက်ပြီး ပြောချင်နေတဲ့စကားတွေက သူ့ဒေါသတွေကြောင့် ပြောမထွက်နိုင်ဘဲ ပါးစပ်ထဲမှာကပ်နေပြီ။ လွတိ်မြောက်ဖို့ကြိုးစာရ‌တာ ပင်ပန်းလာတယ်။ ရှောက်ဟန်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ဆက်နားထောင်နေဖို့ အင်အားမရှိတော့ဘူး။ သူရဲ့ ပွင့်ဟနေတဲ့နှုတ်ခမ်းက ပေါက်သွားတာဖြစ်နိုင်တယ် ထုံကျင်ပြီး နာနေတာပဲ။ စိုစွတ်နေတဲ့ခန္ဓာကိုယ်က လေတိုက်တာကြောင့် အရိုးထဲကို အေးစက်သွားစေတယ်။  

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now