Chapter 25 Sway or Rock

3.6K 654 36
                                    

TN/  Title က ဒီအတိုင်းပိုကောင်းမယ်ထင်လို့ ဘာသာမပြန်လိုက်တော့ဘူးနော်။

Unicode

ကျန်ချီသည် မျက်နှာပြင်ပေါ်ရှိ စာတမ်းကိုကြည့်နေမိသည်။ လွန်ခဲ့သောနာရီဝက်က သူ စာသုံးကြောင်းရေးခဲ့ပြီး နောက်နာရီဝက်အကြာမှာ ငါးကြောင်းမြောက်စာ‌ေကြာင်းကို ရောက်လာသည်။

သူ့ဘေးမှာထိုင်ရင်း စာပြန်စစ်နေတဲ့ကျန်းယန်က စာအုပ်ထူထူထဲကနေ ခေါင်းကိုမော့ကြည့်သည်။ သူက ပင်ပန်းစွာ အာသမ်းလိုက်ပြီး စာကြည့်တိုက်ထဲမှာဆိုတာ သတိပြုမိရင်း အသံကိုလျော့ပြောသည်။ 

“ကျန်ချီ... စာကြည့်တိုက်အကြောင်း ကြားပြီးပြီလား” ကျန်းယန်က စာဆက်မစစ်နိုင်တော့ဘဲ တစ်ယောက်တည်းသည်းမခံနိုင်တော့သလိုဖြင့် သူ့ကို အသံတိုးတိုးမေးလာသည်။

ကျန်ချီက သူ့အာရုံတွေကို ရှောက်ဟန်အကြောင်းတွေးနေရာက ဆွဲထုတ်လိုက်ပြီး “ဘာကိုလဲ?”

“စာကြည့်တိုက်ကို ပြန်ပြီးပြုပြင်တိုးချဲ့တော့မယ်ထင်တယ်... လာမယ့်ရက်အနည်းငယ်တွင်းတော့ ငါတော့ ငါ့အခန်းထဲမှာပဲစာကျက်ရတော့မှာ” ကျန်းယန်က နှုတ်ခမ်းကိုခဏတန့်လိုက်ပြီး မနှစ်မြို့သည့်အမူအရာပြကာ “YC တွေရဲ့ စာသင်ခန်းက မီးခိုးငွေ့(ရွံစရာကောင်းသောလေထု)လိုမျိုး သတ်မှတ်လို့ရတယ်‌ေလ... ငါသာ အဲ့မှာစာလုပ်မယ်ဆိုရင် ငါ့ကိုယ်ငါ ကျန်းယန်လို့မခေါ်တော့ဘူး”

“တိုးချဲ့ဦးမယ်?” ကျန်ချီသည် ထိုနေ့က စာကြည့်တိုက်ရှေ့တွင် ဝတ်စုံဝတ်ထားသော အမျိုးသားတစ်စုကို ပြန်တွေးမိပြီး “စာကြည့်တိုက်က အရမ်းကြီးနေပြီလေ... ဘာလို့ထပ်တိုးချဲ့ဦးမှာလဲ?” "

“ဘယ်သူသိမှာလဲ?”

ကျန်းယန်က စားပွဲပေါ်မှီချလိုက်ပြီး အားနည်းစွာပြောသည်“သူတို့က အမြဲတမ်း အကြောင်းပြချက်အမျိုးမျိုးရှာနိုင်တာပဲ‌ေလ... ပြောရရင်တော့ ငါ စာကျက်ခန်းကို လုံးဝ မသွားချင်ဘူး.... မတွေ့ရတာကြာတဲ့ အဲ့လူတွေက အပန်းဖြေခန်းအ‌ဖြစ် ပြောင်းမပစ်ဖို့ မျှော်လင့်ရတာပဲ”

Saintstonမှာ စာသင်ခန်းတွေကို တင်းကြပ်စွာခွဲခြားထားသော်လည်း ‌၎င်းတို့သည် အမြဲတမ်း နာမည်မှားနေတတ်သည်။ 

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now