Chapter 7 လိပျပွာ/ လိပ်ပြာ

4K 676 13
                                    

Unicode

ကျန်ချီသည် ရှည်လျားသောအိပ်မက််တစ်ခုကိုမက််ခဲ့သည်။ သူ့ဝိညာဉ်ကို အမည်မသိသော စွမ်းအားတစ်ခုက ပင့်မြှောက်လိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် ကွဲကွာသွား‌ေစသလိုခံစားလိုက်ရသည်။ တိတ်ဆိတ်သောအိပ်ခန်းထဲတွင် သူ့ကိုယ်သူ မြင်လိုက်ရပြီး ရောယှက်နေသော ပုံရိပ်များစွာကို ကားချပ်ဘောင်များဖြင့် မှုန်ဝါးဝါး မြင်လိုက်ရသည်။

"ကျန်ချီ၊ ကျန်ချီ?"

ကျန်ချီ၏အာရုံအလုံးစုံပြန်လည်ရောက်ရှိလာသည်။ ကျန်းယန်သည် စင်မြင့်ပေါ်တွင်ရှိနေသော ရန်ကျန်းကိုမော့ကြည့်ပြီးနောက် သူ့ဘက်ကိုစောင်းငဲ့ကာ "မ‌ေန့ညက ‌ေကာင်း‌ေကာင်းအိပ်မ ‌ေပျာ်လို့လား?"

"နည်းနည်းတော့ အိပ်‌ေရးမဝလိုက်ဘူး"

"မင်း စာတွေအရမ်းကြိုးစားနေလို့ပဲ ဖြစ်ရမယ်" ဟု ကျန်းယန်က အတွေ့အကြုံရှိ‌ေနသလိုဖြင့် သတိပေးခဲ့သည်၊ "လူမှုရေးလှုပ်ရှားမှုတွေအချိန်က အိပ်ရေးဝဝအိပ်ဖို့ အကောင်းဆုံးအချိန်ပဲ အခု မင်းမျက်လုံးတွေကိုမှိတ်ထားလိုက်ရင်တော့ အကိုကျန်းရဲ့ဖမ်းမိတာခံရလိမ့်မယ် အန္တရာယ်ရှိတယ်ကွ"

ကျန်ချီက ပြုံးကာ စားပွဲပေါ်ကိုခေါက်လိုက်သောအခါ စင်ပေါ်ရှိရန်ကျန်းက သူ့မုတ်ဆိတ်မွေးများကိုပွတ်သပ်၍ တဆက်ဆက်တုန်ကာ “ကျန်းယန် ဒီစမ်းသပ်ချက်မှာ ဘယ်အချက်တွေသုံးထားလဲပြောပြပါဦး ”

ကျန်းယန်သည် သူ့မျက်နှာကိုမော့ကာ မျက်တောင်တဖျပ်ဖျပ်ခပ်၍ မတ်တပ်ရပ်လိုက်ပြီး အဘယ်ကြောင့်ဆိုတာကိုမပြောနိုင်ဘဲအကြာကြီးတုံ့ဆိုင်းသွားခဲ့သည်။ ကျန်ချီကသူ့အသံကိုလျော့လိုက်ပြီး အဖြေကိုပြောပြလာသည်။ ကျန်းယန်ကအဖြေကိုပြန်မပြောနိုင်ခင်မှာပဲ ရန်ကျန်းကသူ့လက်ကိုဝေှ့ယမ်းလိုက်ပြီး "ထိုင်တော့ နောက်တစ်ခါအတန်းထဲမှာ တခြားကျောင်းသားတွေကိုမနှောင့်ယှက်နဲ့ မင်းအတွက်အဖြေပေးဖို့လဲတခြားသူတွေကိုမနှောင့်ယှက်နဲ့"

"နားလည်ပါပြီ မစ္စတာရန်" ကံကောင်းထောက်မစွာနဲ့ ကျန်းယန်သည် ထူထဲသောအသားအရေ*ရှိနေသည်။ (*အရှက််မရှိ) ပြုံးပြုံးရွှင်ရွှင်နဲ့ပဲသူပြန်ထိုင်လိုက်ပြီးနောက် သူက လှည့်ကြည့်ကာ ကျန်ချီကိုမျက်လုံးမှိတ်ပြပြီး "ကျေးဇူးပဲ bro"လို့ပြန်ပြောသည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now