Chapter 16 တောက်ပြောင်လွန်းသော/တောက်ပြောင်လွန်းသော

3.9K 680 21
                                    

Unicode

ကျန်ချီ သူ့ဆုံးဖြတ်ချက်က မှန်လား မှားလားတော့မသိတော့ဘူး။

ကျိဟိွုင်စစ်ကိုပို့ခဲ့တဲ့ စုံစမ်းမေးမြန်းခြင်းတွေကို ငြင်းဆိုခြင်းနဲ့အစားထိုးဖို့တွေးမိခဲ့သော်လည်း အကယ်၍ သူသာတကယ်အဲ့လိုလုပ်ခဲ့ရင် စာအုပ်ထဲကဖျော်ဖြေပွဲအကြောင်းအရာကို လုံးဝဖျက်ပစ်မိသွားမယ်လို့ ထင်သည်။

သေးငယ်တဲ့ပြောင်းလဲမှုလေးကလည်း အလုံးစုံဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေနိုင်တယ်။

သူက အလွတ်တန်းတစ်ယောက်ဖြစ်နေပြီး ဇာတ်လမ်းကိုအတင်းအကြပ်ပြောင်းနေရင် အဲ့တာက မရေတွက်နိုင်တဲ့ လိပ်ပြာအကျိုးသက်ရောက်မှု‌ေတွကိုဖြစ်‌ေစနိုင်တယ်။

အဆုံးသတ်ကိုတွေးကြည့်လိုက်တော့ ကျန်ချီရဲ့အကောင်းဆုံးအစီအစဥ်က စာအုပ်ထဲမှာရေးထားတဲ့အတိုင်း ဇာတ်ကွက်တွေကြိဆက်ဖြစ်ထားစေဖို့ပဲ။ ပြောင်းလဲကွာဟချက်တွေကိုရှောင်လွဲလို့မရရင်တောင် အနည်းငယ်ပဲဖြစ်အောင်ကြိုးစားလို့ရနိုင်တာပဲလေ။ ဥပမာအားဖြင့် ပိုင်ရှီယုကိုချိန်းဆိုတဲ့အခါ အတူခေါ်လာကာ အလယ်မှာ ထားခဲ့ဖို့အကြောင်းပြချက်ရှာပြီး မူရင်းစာအုပ်ထဲကဇာတ်ကွက်ကို ဖန်တီးလို့ရတယ်။

ကျန်တာက ကံကြမ္မာစေရာပဲ။

အကြောင်းအရာကိုသိရှိပြီးတဲ့နောက် ပိုင်ရှီယုရဲ့တုံ့ပြန်မှုက ကျန်ချီမျှော်လင့်ထားတဲ့အတိုင်းဖြစ်နေသည်။ ပထမဆုံး သူ့ကိုနစ်နာမိသလိုဖြစ်‌ေစခဲ့တဲ့ ဒီကာလအတွင်း သူ့ရဲ့ရှောင်နေမှုကိုအတင်းအကျပ်မေးမြန်းခဲ့ပြီး အဲ့ဒီနောက်တော့ ကြိုတင်ပြင်ဆင်မထားတဲ့ ဖိတ်ခေါ်ချက်အကြောင်းဖြစ်သည်။

ရိုးသားတဲ့လူတွေကို မလွှဲမရှောင်သာလှည့်စားနေရတောင် ကျန်ချီသည် အပြစ်ရှိသလိုခံစားရသည်။ သူက ကျောင်းစာတွေနြ့အရမ်းအလုပ်ရှုပ်နေပြီး အဲ့ဒီအတွက်အချိန်မပေးနိုင်ကြောင်း ပိုင်ရှီယုကိုပြောပြလိုက်သည်။ ပိုင်ရှီယုကတော့ ဒီအကြောင်းပြချက်နဲ့ပတ်သက်ပြီး သံသယမရှိပုံပေါ်တယ်။ တစ်စုံတစ်ယောက်ကို ယုံကြည်ဖို့က သူ့အတွက်အရမ်းလွယ်ကူနေသလိုပဲ။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now