Chapter 12 ပြောင်းလဲနေခြင်း/ ပြောင်းလဲနေခြင်း

4.1K 708 8
                                    

Unicode

မြင်းစီးပြိုင်ပွဲသည် စိန့်စတန်ကောလိပ်၏ အစဉ်အလာတစ်ခုဖြစ်ကြောင်း ကျန်းယန်ထံမှသိရသည်။ ပြိုင်ပွဲချန်ပီယံက တစ်နှစ်တာBCဖြစ်‌ေရးအထူးအခွင့်အ‌ေရး၊ လွတ်လပ်တဲ့ကိုယ်ပိုင်နားနေခန်းတစ်ခုနဲ့ အနက်ရောင်ရင်ထိုးကိုဝတ်ဆင်ခွင့်ရမှာဖြစ်ပြီး ကဏ္ဍအားလုံးတွင်ဦးစားပေးခံရနိုင်သည်။

နှစ်စဉ် လူ ထောင်နှင့်ချီ၍ စာရင်းသွင်းကြသော်လည်း ချန်ပီယံဆုသည် သတ်သတ်မှတ်မှတ် လူအနည်းငယ်သာ ရရှိလေ့ရှိသည်။

ပထမနှစ်မှာ ရှောင်ဟန်ရရှိပြီး ဒုတိယနှစ်တွင် ရှန်းရှုထင်းဖြစ်သည်။

ဒီပြိုင်ပွဲက သတ္တိနဲ့တက်ကြွမှုကိုစမ်းသပ်ခြင်းဖြစ်ပြီး အရေးအကြီးဆုံးကတော့အတွေ့အကြုံဖြစ်သည်။ ငယ်စဉ်ကလေးဘဝကတည်းက စနစ်တကျလေ့ကျင့်သင်ကြားထားခြင်းမရှိဘဲ အထက်တန်းစားကလေး‌ေတွကြားမှာ ထင်ရှားပေါ်လွင်ဖို့က မဖြစ်နိုင်ဘူး။

ကျန်းယန်လှောင်ပြောင်ခဲ့တဲ့ဆုက နာမည်တစ်ခုသာသာဖြစ်သည်။ ထိပ်တန်း BCအနည်းငယ်ကသာချန်ပီယံဆုကိုဆွတ်ခူးနိုင်သည်။ အထူးအခွင့်အရေးဆိုတာကြီးက အဲ့လူတွေအတွက်တန်ဖိုးတောင်မရှိဘူး။ နောက်ဆုံးတော့လည်း လူတိုင်းက ဆုပေးပွဲဆိုတာကြီးကိုမေ့ထားလိုက်ကြသည်။

"ဒါပေမယ့် ပြိုင်ပွဲက တကယ်ကို စိတ်လှုပ်ရှားစရာပဲ၊" အဆုံးတွင် ကျန်းယန်ကမနေနိုင်တော့ဘဲ "မင်းတရားဝင်ဝဘ်ဆိုဒ်ကိုသွားကြည့်ပြီးပြီလား အဲ့မှာနှစ်စဉ်မြင်းစီးပြိုင်ပွဲတွေရဲ့ ဗီဒီယိုတွေရှိတယ်"

ကျန်ချီက သိပ်စိတ်မဝင်စားဘူး။ သူ့အိမ်မက်ထဲက အရာအားလုံးဟာ လက်တွေ့နဲ့ ကိုက်ညီ‌‌ေနကြောင်း သူသေချာသွားတဲ့အခါ ဒီကမ္ဘာကြီးရဲ့ အဖြစ်မှန်ကို သံသယဖြစ်နေပြီလေ။ ဒါပေမယ့် သူက ကျန်းယန်ကိုစိတ်မပျက်သွားစေဖို့ ပွဲကြည့်ရန်ချိန်းထားလိုက်သည်။

တစ်ချိန်ထဲမှာပဲ အဲ့တာက သူ့နှလုံးသားထဲကကံ‌ေကာင်းမှုကိုစစ်‌ေဆးရန်ဖြစ်သည်။

မနက်ခင်းမှာ နေသာ‌ေနပြီး အားကစားကွင်း ပတ်လည်မှာ လူ‌ေတွပြည့်နေပြီ။ ကျန်ချီသည် ရုတ်တရက်သူ့ပုခုံးကိုလူတစ်ယောက်ပုတ်လိုက်သောအခါ ကျန်းယန်နဲ့လူကွဲလုနီးပါးဖြစ်သွားသည်။ ရင်ထိုးအနီရောင်နဲ့ကောင်လေးတစ်ယောက်က သူ့‌ေနာက်မှာရပ်နေပြီး "ကျန်ချီ... မင်းရဲ့‌ေနရာကအရှေ့မှာ" ဟုပြောသည်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Nơi câu chuyện tồn tại. Hãy khám phá bây giờ