Unicode
ကျန်ချီသည် နံပါတ် 407သော့ကို အိပ်ဆောင်တံခါးဖွင့်ရန်သုံးခဲ့ပြီး အခန်းတွင်းတွင်တော့ ဗလာသပ်သပ်ဖြစ်နေသည်။
သူ့ခရီးဆောင်အိတ်ကို ကုတင်လွတ်တစ်ခုေပါ်တင်လိုက်ပြီး သူတစ်နှစ်ကြာလောက်နေရမည့် လူနှစ်ေယာက်စာအိပ်ခန်းကို လှည့်ပတ်ကြည့်လိုက်သည်။
အခန်းက ကျယ်ဝန်းတောက်ပပြီး အရာအားလုံးကို အသုံးပြုနိုင်သည်။ မြေဈေးကြီးတဲ့ ချွန်လင်း မှာ ဒီလိုအခန်းမျိုးကို သူငှားချင်တယ်ဆိုရင် အိမ်ငှားခက နက္ခတ်ဗေဒင်ကိန်းဂဏန်းတစ်ခုစာ*ေလာက်ဖြစ်ေနမှာ သေချာတယ်။ (ဈေးနှုန်းအရမ်းခေါင်ခိုက်နေတာကိုပြောတာ)
ခရီးဆောင်အိတ်ထဲမှာ ပစ္စည်းအများကြီးေတာ့မပါဘူး။ ကျန်ချီက ပစ္စည်းတွေထုတ်ဖို့ နာရီဝက်လောက်အချိန်ယူပြီးေနာက်တော့ ကုတင်ပေါ်ထိုင်လိုက်ပြီး ကျောင်းသားလက်စွဲစာအုပ်နဲ့ မြေပုံကိုကြည့်နေလိုက်တယ်။ စာအုပ်ထဲမှာ ကျောင်းရဲ့တရားဝင်စည်းမျဉ်းစည်းကမ်းတချို့ရှိနေသော်လည်း သူအဓိကသိချင်နေတဲ့ ရင်ထိုးရဲ့အဓိပ္ပာယ်ကိုရှာမတွေ့ပေ။
အပြင်ဘက်ကနေ တံခါးကိုတွန်းဖွင့်ပြီး မျက္မှန်ထူထူနဲ့ ပိန်ပိန်ပါးပါးကောင်ေလးတစ်ေယာက်က စာအုပ်တစ်အုပ်ကိုင်ပြီး ဝင်လာတယ်။ သူ့အခန်းေဖာ်တစ်ယောက် ဒီနေ့အသစ်ေပြာင်းလာမှာ ကြိုသိထားလို့ဖြစ်မယ် ကျန်ချီကိုတွေ့လိုက်ရသောအခါ သူကမအံ့ဩသွားဘူး။
သူက နှာခေါင်းက ချော်ကျသွားတဲ့မျက်္မှန်ကို ပြန်တွန်းတင်လိုက်ပြီး
"ဟဲလို၊ ငါ့နာမည် ဝေအန်း၊ မင်းက ကျန်ချီဟုတ်တယ်မလား?"
"ဟယ်လို" ကျန်ချီ က သူ့အား ခေါင်းညိတ်ပြီးပြုံးပြလိုက်ေသာအခါ သူ့ဘယ်ဘက်မျက်လုံးအောက္မှ မှဲ့ကအေပါ်ေကွးတက်လာကာ ပုံမှန်ဖြစ်နေသောမျက်္နှာကို နွေးထွေးသွားစေသည်။
သူ့ရှေ့က ကောင်လေးက သူ့ရဲ့အနာဂတ် အခန်းဖော် ဖြစ်သည် ။ ပထမအကြိမ်တွေ့ဆုံမှုမှာ သူ့ရဲ့ဖော်ရွေမှုကိုမတွန့်တိုသင့်ဘူး တစ်ဖက်လူကလဲ အလိုက်သင့် လိုက်လျောညီထွေနေတတ်ပုံပေါ်တယ်။
VOUS LISEZ
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်
FantasyAssociated name- Guizu Nan Xiao (贵族男校) Author- Zheng Jiu Sha (郑九煞) Status in COO -155 Chapters+8 extra in original novel E: translation- Lazy Girls translation Original publisher- Chang Pei (gongzi cp) #I own nothing about this novel and cover phot...