Unicode
ကျိဟွိုင်စစ်သည် သပ်ရပ်သောဝတ်စုံပြည့်နှင့် ခရမ်းရောင်နီလာရင်ထိုးကိုဝတ်ဆင်ထားပြီး သူ့ရင်ဘတ်ကကြော့ရှင်းတဲ့အလင်းတန်းများဖြာထွက်နေကာ သူ့နောက်မှလျှောက်လာသည်။ သူက ကျန်ချီကိုနူးညံ့စွာပြုံးပြလာသည်။
"ကိုယ် မင်းကိုရှာနေတာ... ကိုယ့်အတန်းဖော်တွေက မင်းနဲ့ကျန်းယန် ဒီလမ်းဘက်သွားတယ်ေပြာတာကြားလို့... တွေ့မယ်လို့တောင်မမျှော်လင့်ထားဘူး"
ကျန်ချီသည် Saintstonက ေကျာင်းသားေတွ ဒီလိုအသေးအမွှားတွေကိုသတိပြုနိုင်တာ ထူးဆန်းတယ်လို့ပဲ အံ့ဩတကြီး ပြုံးရုံပြုံးပြနိုင်ေတာ့သည်။
ထိုလူရောက်လာသည်ကိုမြင်တော့ ကျန်းယန်က တုန်လှုပ်ခြောက်ခြားစွာဖြင့် 'ဒုဥက္ကဌ' ဟုအော်လိုက်သည်။ ကျိဟွိုင်စစ်က သူ့ကို ပြုံးပြီး "ကိုယ် ကျန်ချီနဲ့စကားပြောချင်လို့"
ကျန်းယန်ကသူ့စကားရဲ့အဓိပ္ပာယ်ကိုချက်ချင်းနားလည်သွားပြီး သူ့ခေါင်းသူရိုက်ကာ "ငါတစ်ခုလုပ်စရာရှိတာမှတ်မိပြီ.. အရင်သွားလိုက်မယ်နော်" စကားပြောပြီးနောက်သူက ကျန်ချီကိုကြည့်ကာ "စာကြည့်တိုက်မှာတွေ့မယ်နော်"
ကျန်ချီကပါးစပ်ဖွင့်လိုက်ကာ ကျန်းယန်ကိုတစ်ခုခုပြောပြီးတားလိုက်ချင်ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာ သူ့နောက်ကျောကိုပဲ မှုန်ဝါးဝါးမြင်လိုက်ရတော့တယ်။
"ကျန်ချီ။" ကျိဟွိုင်စစ်သည် ခြေလှမ်းအနည်းငယ်လှမ်းလာကာ နွေးထွေးစွာ မေးသည် "အခု မင်းအားတယ်မလား.. ကိုယ်မိနစ်နည်းနည်းလောက်ဆိုလုံလောက်ပါတယ်"
ပုံမှန်အားဖြင့်ေတာ့ သူလည်း မှားနေတဲ့စကားလုံးရှာတွေ့မနေဘူး။ ကျန်ချီကထွက်သွားဖို့အကြောင်းပြချက်ပေးချင်နေပေမယ့် "တစ်ခုခုမှားနေလို့လား.. ဒုဥက္ကဌ"
"ကိုယ် မင်းကိုဒါလေးပေးချင်လို့"
သူ့အသံထွက်ကျလာပြီးသောအခါ ကျိဟွိုင်စစ်သည် သူ့လက်မောင်းထဲမှ အနက်ရောင်ပုံကွက်တွေပါပြီး ရွှေယွန်းတံဆိပ်ခတ်ထားကာ ဇီဇဝါပန်းရနံ့မွှေးပျံ့နေတဲ့အဖြူရောင်စာအိတ်ကိုထုတ်ယူလာပြီး အဲ့ဒီအရာက သူ့လက်ထဲတွင်ထူးခြားတဲ့အသွင်အပြင်ကိုဖြစ်စေသည်။
YOU ARE READING
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်
FantasyAssociated name- Guizu Nan Xiao (贵族男校) Author- Zheng Jiu Sha (郑九煞) Status in COO -155 Chapters+8 extra in original novel E: translation- Lazy Girls translation Original publisher- Chang Pei (gongzi cp) #I own nothing about this novel and cover phot...