Chapter 30 အဖြစ်အပျက်/ အျဖစ္အပ်က္

3.8K 655 42
                                    

Unicode

"ငါလာခဲ့မှာပါ" ကျန်ချီက အာရုံတွေပြန်စုစည်းပြီးပြောသည် "ငါလည်း ရေကူးသင်တန်းအဖွဲ့ဝင်တစ်‌ေယာက်ပဲလေ"

ကျန်ချီမှတ်မိတာမှန်မယ်ဆိုရင် ကောင့်ရန်ပြောခဲ့တာက ရေကူးပြိုင်ပွဲသည် ကြာသပတေးနေ့ဖြစ်သည်။ အဖြေကိုကြားလိုက်သောလည်း ဝမ်ချွမ်းရဲ့တုံ့ပြန်မှုက စိတ်အားထက်သန်ခြင်းမရှိဘဲ ပေါ့ပေါ့တန်တန်မေးနေသလို 'အမ်' ဟုသာလျစ်လျူရှုစွာပြောသည်

အတန်းချိန်တစ်ဝက်ပြီးသွားတော့ ကျန်ချီသည် သူ့နောက်ကျောကိုအာရုံစူးစိုက်ကြည့်နေတဲ့ မျက်လုံးကိုခံစားမိသည်။ အဲ့တာကိုတွေးမိတော့ ထိုင်ခုံပြောင်းခံရတဲ့ကျန်းယန်မဖြစ်နိုင်စွာ သူ့အသံကို‌ေလျာ့ပြီးတည့်တိုးပြောလာသည် "ပိုင်ရှုယွင်က တစ်ချိန်လုံးမင်းကိုကြည့်နေတာပဲ"

"သူကစိတ်ရှုပ်ဖို့ကောင်းတယ်" ဝမ်ချွမ်းက စိတ်မရှည်စွာကောက်ချက်ချပေးပြီး "သူ့ကိုအာရုံစိုက်မနေနဲ့"

ကျန်ချီက ခဏလောက်အံ့ဩသွားပေမယ့်လည်း နားလည်ကြောင်းပြန်တုံ့ပြန်လိုက်သည်။ ဝမ်ချွမ်းကအသိအမှတ်ပြုထားမှတော့ သူက ပိုင်မိသားစုနဲ့တွေ့ပြီးလို့ဖြစ်မယ်။ ချွမ်လင်းမှာရှိတဲ့ အထက်တန်းစားမိသားစုတွေက ကြီးကြီးငယ်ငယ် အများစုကတော့ တစ်ယောက်နဲ့တစ်ယောက် စီးပွားရေးအရ ဆက်ဆံမှုတွေရှိကြတာပဲ။ ကျန်ချီမတွေးဘဲမနေနိုင်တော့ဘူး ဝမ်ချွမ်းကရော ပိုင်ရှီယုရဲ့ဘဝအမှန်ကိုသိနေလား။ အစကတည်းကသိနေခဲ့ရင် ပိုင်ရှီယုအပေါ် သူ့ရဲ့လျစ်လျူရှုမှုကို ရှင်းမပြချင်ပုံရသည်။

ဒါပေမယ့်လည်း ဒါတွေက ကျန်ချီရဲ့ခန့်မှန်းချက်တွေပါပဲ စာအုပ်ထဲမှာဖော်ပြထားတာတွေနဲ့ယှဉ်ရင် လက်တွေ့က ထူးထူးခြားခြားပဲ ဆန့်ကျင်ဘက်ဖြစ်သွားပြီ။ အဓိကဇာတ်ဆောင် ပိုင်ရှီယုဘက်ကကြည့်ရင် အရာအားလုံးကို ထူးကဲလှပသောfilterထဲတွင် ထည့်သွင်းထားခြင်းဖြစ်သည်။ ဒါပေမယ့် ဒီအမြင်လွှာကြီးကိုဖယ်ထုတ်လိုက်မယ်ဆိုရင် အရာအားလုံးက တစ်ဖက်သတ်ကောက်ချက်ချလို့မရနိုင်ပြန်ဘူး။

အတန်းပြီးသောအခါ ကျန်ချီက စားပွဲပေါ်ရှိစာအုပ်များကိုကောက်ကိုင်ပြီး သူ့အနောက်ရှိ ပိုင်ရှုယွင်သည် သူရှိရာကိုရောက်လာပြီး အပြုံးတစ်ခုဖြင့်ပြောလာသည် "ဝမ်ချွမ်း မတွေ့တာကြာပြီနော်... ခုနက ငါမင်းကိုနှုတ်ဆက်နေတာကို... ဘာလို့မသိချင်ယောင်ဆောင်သွားတာလဲ"

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now