Chapter 41 Video

3.3K 466 15
                                    

Unicode

ကတ်ကို အမှိုက်ပုံးထဲသို့ ပစ်လိုက်သည်။ ဒီ‌‌ေဈးကြီးလွန်းတဲ့ လေယာဉ်ပုံစံငယ်ကိုတော့ ဘာလုပ်ရမလဲ ကျန်ချီမသိဘူး။ 

သူ ကတ်လိုမျိုးပဲ အမှိုက်ပုံးထဲပစ်လိုက်ဖို့ အတော်လေးစဉ်းစားခဲ့ပေမယ့်လည်း ဈေးကြီးတယ်ဆိုတဲ့အတွေးနဲ့ ငြင်းဆန်နေရတယ်။ လူရှာပြီး ရှောက်ဟန်ကို ပြန်ပေးခိုင်းဖို့ တွေးလိုက်ပေမယ့် ကျောင်းကလူအများစုက သူ့ကိုကြောက်နေကြပြီး ပစ္စည်းကို အရင်နေရာပြန်ထားဖို့က ပိုလို့တောင် မဖြစ်နိုင်သေးတယ်။

ကျန်ချီသည် ရှောက်ဟန်ရဲ့ပစ္စည်းတစ်စုံတစ်ခုကို သူ့အခန်းထဲမှာ တစ်ခဏလောက်တောင် မမြင်ချင်ဘူး အဲ့တာက သူ့ရဲ့ကိုယ်ရေးကိုယ်တာပတ်ဝန်းကျင်မှာ စောင့်ကြည့်ခံနေရသလို မနှစ်မြို့ဖွယ် ခံစားရသဖြင့် အချိန်တစ်ခုတော့ မထင်မရှားထောင့်တစ်နေရာမှာ ထား,ထားလိုက်သည်။  

ရှောက်ဟန်က တစ်ပတ်လုံး ကျောင်းမတက်ခဲ့ပေ။ လူတော်‌ေတာ်များများက HSမှာဆွေးနွေးနေကြပြီ။ တချို့က သူ နေမကောင်းလို့ အနားယူနေတယ်လို့ပြောကြပြီး တစ်ချို့ကတော့ မတော်တဆမှုတစ်ခုခုလုပ်ထားလို့ ပိတ်ပင်ခံထားရတယ်လို့ပြောကြတယ်။  ဒါပေါ့ လူအများစုကတော့ ရှောက်ဟန်က အတန်းမတက်ချင်တဲ့အတွက် တစ်ပတ်လုံး ပျက်လိုက်တယ်လို့ တွေးလိုက်ကြတယ်။ ကျောင်းက သူ့ကို အတိုက်အခံလုပ်နိုင်ဖို့ အကြောင်းမှမရှိတာ။ ဒီတစ်ခါလည်း အဲ့လိုပဲဖြစ်မယ်။ 

လူအနည်းစုနဲ့ ကျန်ချီတို့ကသာ ပထမဆုံး မယုံနိုင်စရာအကြောင်းရင်းက အမှန်တရားဆိုတာကို သိကြတယ်။ ရှောက်ဟန်သည် အိပ်ဆောင်ကနေ သုံးရက် အပြင်မထွက်ရဟု ကျောင်းသားသမဂ္ဂက ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ သူမသိတာက ရှောက်ဟန်ကို သုံးရက်ကနေ ခုနှစ်ရက်အထိ ပျောက်သွားစေတဲ့ အကြောင်းရင်းကိုဖြစ်သည်။ တကယ်လို့ ဒီအထူး 'လက်ဆောင်' ကိုသာမရခဲ့ရင် ကျန်ချီသည် အများကြီးတွေးနေမိမှာမဟုတ်ဘူး။

သူ့အမှားကို သိဖို့နေနေသာသာ တောင်းပန်တာ စိတ်မသန့်ဖြစ်မိတာတောင် မရှိခဲ့ဘူး။ အဲ့ဒီအစား ထိုလူက သူ့အခန်းထဲ ဖောက်ဝင်ပြီး သိသာစေတဲ့ အထောက်အထားတွေကိုတောင် ချန်ထားခဲ့သေးတယ်။ ဒါက ကျန်ချီထင်ထားသလိုပါပဲ ရှောက်ဟန်က ကိုယ်တိုင်လာတောင်းပန်ခဲ့ရင်တောင် သူ အမှားလုပ်မိတယ်လို့ ထင်မှာမဟုတ်ဘူး။ 

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now