Chapter 8 အတင်အဖျင်းပြောခြင်း/ အတင်အဖျင်းပြောခြင်း

4K 718 23
                                    

Unicode

နှစ်ရက်ကြာပြီးတဲ့နောက် မနက်ခင်းတစ်ခုမှာ အဆင့်မြင့်သင်္ချာစာမေးပွဲရဲ့ ရလဒ်ထွက်လာပြီး ကျန်ချီသည် အတန်းမစခင်မှာ စိတ်မသက်မသာဖြစ်ခဲ့ရတယ်။

သူသည် သူ့ရဲ့ ဖြေဆိုမှုအတွက်ကို မကြောက်ရွံ့သော်လည်း Saintston ၏ စာမေးပွဲတွင် သူပါဝင်ခဲ့သည့် ပထမဆုံး အကြိမ်ဖြစ်ပြီး အခြားသူများ၏ ဖြေဆိုနိုင်စွမ်းတွေကို သိရှိသည့်တိုင်အောင် ၎င်းကို ပေါ့ပေါ့တန်တန် သဘောမထားနိုင်ပေ။

ဆရာ ဝမ်ယောင်းသဲ့*သည် ဆံပင်ဖြူကျဲကျဲနှင့် သူ၏ ပိုလိုရှပ်အင်္ကျီကို ထူထဲသော ခါးပတ်ထဲတွင် ထည့်ဝတ်ရခြင်းကို နှစ်သက်သည်။ ဆရာကလည်ချောင်းရှင်းပြီး အောက်အဆင့်ကနေ အပေါ်အဆင့်ကို ဖတ်တယ်။

(*ဝမ်ယောင်းသဲ့ ကမမှန်ခဲ့ရင်တောင်းပန်ပါတယ်။ etranကpinyinအသံအနိမ့်အမြင့်မထည့်ထားတော့မှားရင်မှားနေမာ)

“…အဆင့်သုံး၊ ချန်းကျောက်ဟွေး၊ အဆင့်နှစ်၊ ဝေအန်း၊ အဆင့်တစ်...” ဝမ်ယောင်းသဲ့ သည် ထို‌ေနရာအ‌ေရာက်တွင် ရပ်လိုက်ပြီး စာသင်ခန်းကို ဝေ့ဝဲကြည့်လိုက်ကာ “အဆင့်တစ်... ကျန်ချီ။ အတန်းတစ်တန်းလုံးအတွက် အဆင့်မြင့်သင်္ချာစာမေးပွဲမှာ နေရာနှစ်ခုကို ဖြေဆိုရခြင်းက ငါတို့အတန်းအတွက်ပထမဆုံးအကြိမ်ပဲ... အရမ်းကောင်းတယ်... လူတိုင်း ချန်းကျောက်ဟွေးနဲ့ကျန်ချီ...အထူးသဖြင့် ကျန်ချီကိုအတုယူပြီး ချီးကျူးအားပေးသင့်တယ်။ ဒါကသူ့ရဲ့ပထမဆုံးစာမေးပွဲဖြစ်ပေမယ့် အတန်းအတွက် အရမ်းကောင်းတဲ့ ရလဒ်ကို ရခဲ့တယ်”

လက်ခုပ်သံများ ထွက်ပေါ်လာသည်၊ အချို့မှာ ပျင်းရိ‌စွာတီးခတ်‌ေနပြီး တချို့ကတော့ အပြင်းအထန်အားပေးကြသည်။ အများစုမှာ နောက်တန်းတွင် ထိုင်နေသော ကျန်ချီကို အာရုံစိုက်လာကြသည်။

ထို့ကြောင့် ကျန်ချီသည် ခဏတာ စိတ်မသက်မသာဖြစ်သွားသော်လည်း သူ သက်ပြင်းတစ်ချက်သာချလိုက်မိသည်။

အတန်းဖော်တစ်ဦးထံမှ စာမေးပွဲရလဒ်စာရွက်ကို ယူ၍ကြည့်လိုက်သော် သေးငယ်သောအမှားတစ်ခုအတွက် အမှတ်နှစ်မှတ် နုတ်ယူခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ တတိယနေရာရရှိခဲ့သော ချန်းကျောက်ဟွေးသည် လေးမှတ်နုတ်ခံရကြောင်း ကျန်ချီသိရသည်၊ ထို့ကြောင့် ထိပ်ဆုံးသုံးနေရာ၏ရမှတ်များသည် တစ်မှတ်စီ လျော့သွားသည်ဟု ထင်သည်။ ပေါ့ပေါ့တန်တန်ယူဖို့ စောလွန်းပါသေးတယ်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now