3.1K 504 27
Unicode
ကျိဟွိုင်စစ်ရဲ့ တယောသံက သူ့ဘေးက ထုတ်ဖော်ထားသော အရှိန်အဝါတွေနဲ့ တူမနေဘူး။ နူးညံ့သောအခွံနဲ့ ဖုံးအုပ်ထားပြီး ဂီတနုတ်တိုင်းက အတွင်းအပြင်ပြတ်သားမှု အရှိန်အဟုန်တို့ ရောထွေးနေသည်။
ဂီတကို နားမလည်တဲ့ ကျန်ချီလိုလူမျိုးတောင် စွဲလမ်းစေသည်။ ဒါက ဂီတလောကရဲ့ ပြောင်မြောက်လွန်းသော ကျွမ်းကျင်မှုတစ်ခုမဟုတ်သော်လည်း ကျိဟွိုင်စစ်၏ သူ့စိတ်ခံစားချက်အားလုံးကို ထည့်သွင်းထားတာဖြစ်သည်။
ကြီးမားသော Villigerဖျော်ဖြေပွဲခန်းမအလယ်တွင် တုန်လှုပ်ချောက်ချား‌ေနဆဲဖြစ်သည့် ကျန်ချီက တစ်ဦးတည်းသော ပရိသတ်အဖြစ် ထိုင်နေရသည်ဟု ခံစားမိနေရသည်။ ကျိဟွိုင်စစ်က မီးမောင်းထိုးပြနေသည့် စင်မြင့်ပေါ်တွင်မတ်တပ်ရပ်နေပြီး သူ့ရဲ့ သွယ်လျသောအရပ်က အလွန်ရှည်လျား‌ေနသည်။ သူ့မျက်နှာတစ်ခြမ်းက မှောင်ရိပ်သန်းနေသောကြောင့် မျက်တောင်ဖျားများက လေတစ်ချက်ဝေ့လျှင် တစ်ချက်တစ်ချက်လှုပ်ခတ်သွားပြီး စင်ပေါ်မှာရှိတဲ့ မီးရောင်များထက် ပိုမိုစူးရှနေပုံပေါ်သည်။ သီချင်းအဆုံးမျာ တယောကြိုးက ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ ကျိဟွိုင်စစ်သည် ခန်းမအလယ်ရှိ ကျန်ချီဘက်သို့လှည့်လာပြီး ပြုံးပြကာ ရင်ဘတ်ပေါ်လက်ကို ကန့်လန့်တင်ပြီး ခေါင်းငုံ့လိုက်သည်။
ကျန်ချီက ခဏကြာမှ သတိပြန်ဝင်လာပြီး လက်ခုပ်တီးလိုက်သည်။
ကျိဟွိုင်စစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို‌ပြေလျော့လိုက်ကာ စားပွဲပေါ်ရှိ တယောအိတ်ထဲ တယောကို ညင်သာစွာထည့်နေပြီး‌ မေးလာသည် "ဒီအပိုင်းကို ကြိုက်ရဲ့လား?"
"အရမ်းကောင်းတယ်" ကျန်ချီက သူ့ရဲ့ အသုံးအနှုန်းညံ့မှုကို အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်မိပြီး "သီချင်းနာမည်ကဘာလဲ"ဟု မေးလိုက်သည်။
"Schubert's Serenade" ကျိဟွိုင်စစ်က အပြုံးမပျက်သော မျက်လုံးများဖြင့် လှည့်ကြည့်လာကာ ရှင်းပြသည် "ညဘက်ဆိုတော့ အသံကျယ်လွန်းမယ့် တေးသွားတွေ တီးလို့မရဘူး တခြားသူတွေ အနားယူတာကို နှောင့်ယှက်လို့ မကောင်းဘူးလေ တခြားသံစဉ်နားထောင်ချင်ရင် ကိုယ်ပြန်ပြီး ကြိုးစားလေ့လာလိုက်ဦးမယ်"
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now