Chapter 27 မျက်ရည်များ/ မ်က္ရည္မ်ား

3.7K 627 27
                                    

Unicode

ဒါက ကျန်ချီ Moore အဆောက်အဦကို‌ေရာက်တာ နဲ့ ရှောက်ဟန်ရဲ့ အတင်းအကြပ်ဆွဲ‌ေခါ်ခြင်းခံရတာ ဒုတိယအကြိမ်ဖြစ်သည်။

“ရှောက်ဟန် မင်းပြောတော့ စန္ဒယားခန်းမှာနေပေးရင် ရပြီဆို” ကျန်ချီက သူ့စိတ်ကိုတည်ငြိမ်အောင်ထိန်းနေရသည်။ ရှောက်ဟန်ရဲ့ တင်းကြပ်စွာဆုပ်ကိုင်ခံထားရတဲ့ လက်ကောက်ဝတ်ကိုလွတ်အောင်ကြိုးစားရင်း သူ့ဦးနှောက်ကိုလျင်မြန်စွာ အလုပ်ပေးနေသည်။

“ငါ စိတ်ပြောင်းသွားပြီ”

ရှောက်ဟန်က ခေါင်းကိုလှည့်လာပြီး ကျန်ချီကိုအပြုံးတစ်ဝက်ဖြင့် ကြည့်ကာပြောသည် “ဘာလို့လဲ... ငါနဲ့အတူလမ်းလျှောက်ရတာ ရှက်စရာကောင်းလို့လား?”

ကျန်ချီသည် သူ့ကို ဟုတ်တယ်လို့သာ ပြောလိုက်ချင်သည်။

ဒီအချိန်ဆို အဆောက်အဦတစ်ဝိုက်မှာ ကျောင်းသားတွေ လာပြီးအနားယူနေကြဖြစ်သည်။ သူက ရှောက်ဟန်နဲ့ပတ်သက်ဆက်နွယ်နေရတာကို မလိုလားသလို အဲ့ဒီလူတွေရဲ့ ပြောစရာအကြောင်းလဲမဖြစ်ချင်ဘူး။ သို့သော်လည်း ရှောက်ဟန်က မော့ကြည့်နေမှာမဟုတ်သလို လုံးဝဂရုမစိုက်ကြောင်း ထင်ရှားသည်။ ကျန်ချီရဲ့ မသိစိတ်ထဲတွင် မထင်မှတ်ဘဲ နိမ့်ကျသလိုခံစားလိုက်ရသည်။ သူ့ခေါင်းကို အတင်းကိုငုံ့ထားပြီး ရုတ်တရက် သူ့မျက်လုံးရှေ့ရှိအလင်းရောင်များကို သူ့ခေါင်းပေါ်တင်လိုက်သော ကျောင်းအပေါ်ဝတ်ဂျာကင်တစ်ထည်က ဖုံးကွယ်သွားသည်။ ကျန်ချီက မသိစိတ်ကနေ ထိုဂျာကင်ကြီးကိုဆုတ်ဖြဲပစ်လိုက်ချင်‌ေသာ်လည်း လက်ကောက်ဝတ်က ဆွဲကိုင်ခံလိုက်ရသည်။

“သိပ်ကို ဒုက္ခများတာပဲ”

ရှောက်ဟန်က သူ့ပါးစောင်ကိုလျှာဖြင့်ညင်သာစွာထိုးစွ၍ အနည်းငယ်လေးနက်သောအသံက ကျောင်းအင်္ကျီအပေါ်မှ ထွက်ပေါ်လာသည်။

သူ့​မျက်စိရှေ့က မြင်ကွင်းတွေမှောင်မိုက်သွားသည်။ ကျန်ချီက သူ့ခန္ဓာကိုယ်ကို စူးစူးရဲရဲစိုက်ကြည့်နေကြတဲ့မျက်လုံးတွေကို ခံစားနေရ‌ေသာ‌ေကြာင့် သူ့ကိုယ်ပေါ်ကအင်္ကျီကိုဆုတ်ဖြဲပစ်ချင်သည့်စိတ်က ခဏအတွင်းသက်ငြိမ်းသွားသည်။ ခြေထောက်အောက်က ရှည်လျားလှတဲ့လမ်းကိုဖြတ်လျှောက်လာပြီးနောက် ဓာတ်လှေကားတစ်ခုပေါ်တက်ရပြီး အောက်ကြမ်းပြင်က စကျင်ကျောက်ပုံစံကနေ အနုစိတ်အလှဖော်ထားတဲ့ကော်ဇောအဖြစ် ပြောင်းလဲသွားသည်။ ရှောက်ဟန်က ကျန်ချီကိုဘယ်နေရာခေါ်သွားလဲ မသိရပေ။ 

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now