Unicode
ကျန်းယန်က စာကြည့်တိုက်ရဲ့အခန်းလွတ်တစ်ခုမှာ နေရာယူလိုက်သည်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီး လူလေးယောက်စာကျက်ဖို့ စားပွဲရှည်တစ်ခုနေတယ်။ သူနဲ့ ကျန်ချီတို့ ကွန်ပြူတာဖွင့်ချိန်ေလာက် အချိန်အတော်ကြာ စကားပြောဖြစ်ကြပြီး နောက်ဆုံး စာရွက်လှန်သံ ကီးဘုတ်ရိုက်သံတို့သာ ကျန်တော့သည်။
ကျန်ချီသည် screenကိုအချိန်အကြာကြီးကြည့်လိုက်ရလို့ ကိုက်ခဲနေသော မျက်လုံးများကိုပွတ်သပ်လိုက်ပြီး ဆန့်ကျင်ဘက်ရှိ သနားစရာမျက်နှာဖြင့် ကျန်းယန်ကိုမြင်လိုက်ရသည်။ mouseေပါ်ကသူ့လက်ေတွကို အချိန်တစ်ခုမလှုပ်တော့ဘဲ “ပြဿနားတစ်ခုခုရှိလို့လား?”ဟု မေးလိုက်တယ်။
“ငါေတာ့ ဘယ်ionic equation က မှားနေလဲ မမြင်ေတာ့ဘူး” ကျန်းယန်က ကွန်ပြူတာနဲ့ထိုင်ခုံကို အမြန်ရွေ့လာပြီး လေးခုထဲမှ နောက်ဆုံး ရွေးချယ်မေးခွန်းကိုပြပြီး “အားလုံးမှန်နေတာမဟုတ်ဘူးလား?”
ကျန်ချီက ဖျက်ခနဲကြည့်လိုက်သည် “Cကိုကြည့်လိုက် sodium bisulfiteရဲ့ hydrolysis ညီမျှခြင်းက မှားနေတယ်.. ဖြစ်သင့်တာက....”
ရွေးချယ်မေးခွန်းနှစ်ခုလောက်ေဖြပြီးေနာက် ငါးမိနစ်အကြာထိ ကျန်းယန်ရဲ့အမူအယာက တစ်ဝက်လောက်သာ နားလည်သေးသည်။ ဆက်မေးဖို့ရှက်ပြီး ကွန်ပြူတာရွှေ့ကာ ကိုယ်တိုင် သုတေသနလုပ်နေလေသည်။ အခုဆို ကျန်ချီက ကျန်းယန်ရဲ့ ထူးဆန်းသောမေးခွန်းများကို အေးဆေးရင်ဆိုင်နိုင်နေပြီ။ အရင်ကဆို သူက ကျန်းယန်ကို ခေါင်းစဉ်ကြီးတစ်ခုကို နှစ်နာရီလောက် ရှင်းပြခဲ့ရတယ်။ စကားအတော်ပြောပြီးနောက် ကျန်းယန်က ယောင်လည်လည်ဖြင့် မေးလာပြန်သည် “ဘာလို့ ဒီဖော်မြူလာကို သုံးရမှာလဲ?”
ကျန်ချီသည် ကျန်းယန်ကို ဘာလို့ ဓာတုဗေဒမေဂျာရွေးသလဲဆိုတာ မေးခဲ့ဖူးသား။ ကျန်းယန်က သူ့ရဲ့ တခြားအခြေအမြစ်မရှိတဲ့သင်တန်းတွေနဲ့ယှဉ်ရင် ဓာတုဗေဒကတော့ အနည်းဆုံး မေးခွန်းနည်းနည်းဖြစ်ဖြစ် မှန်အောင်ဖြေဆိုနိုင်ပြီး စာမေးပွဲဖြေတိုင်းလည်း အမှတ်စာရင်းအောက်ခြေမှာ တည်ငြိမ်နိုင်မယ်လို့ ယုံကြည်ခဲ့သည်။ ဝမ်ချွမ်းရဲ့အဆင့်တွေက ကျန်းယန်ထက် နည်းနည်းသာတယ်... နည်းနည်းပဲ။ တခါကဆို ကျန်ချီက သူ့ကိုပြန်ပေးလိုက်တဲ့ စာမေးပွဲစာရွက်ကို အမှတ်မထင်တွေ့လိုက်ရပြီး အောင်မှတ်နဲ့ ဝေးကွာတဲ့ ရွေးချယ်မေးခွန်းနည်းနည်းသာဖြေသည်။
YOU ARE READING
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်
FantasyAssociated name- Guizu Nan Xiao (贵族男校) Author- Zheng Jiu Sha (郑九煞) Status in COO -155 Chapters+8 extra in original novel E: translation- Lazy Girls translation Original publisher- Chang Pei (gongzi cp) #I own nothing about this novel and cover phot...