Chapter 26 ပွတ်သပ်နေခြင်း/ ပြတ္သပ္ေနျခင္း

4.3K 655 47
                                    

TN/ Cover photo ပြောင်းထားပြီနော်…ကျန်ချီနဲ့တူလို့ပြောင်းလိုက်တာ(◕દ◕)

Unicode

နှစ်ရက်အကြာတွင် ကျောင်းသားသမဂ္ဂရဲ့ရွေးချယ်မှု ရလဒ်များကို စာစောင် သင်ပုန်းပေါ်တွင် တင်ခဲ့သည်။ ကျန်ချီက ရပ်ပြီး နှစ်ကြိမ်တိုင်တိုင် ရှာဖွေခဲ့မိသည်။ ပိုင်ရှီယုနာမည်က ပါမလာဘူး။

မျှော်လင့်ထားသောရလဒ်ပါပဲ။

နူးညံ့သောရေသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လှုပ်ရှားကာ နံနက်ခင်းရဲ့ ပင်ပန်းနွမ်းနယ်မှုကို ပယ်ရှားစေသည်။ ကောင့်ရန်က ဒီနေ့ထွက်သွားမှာဖြစ်ပြီး အစားထိုးဆရာတစ်ယောက်က ကန်ဘောင်ပေါ်တွင် စကားပြောနေကြသောကျောင်းသားများကို ရေကူးကျင့်ကြရန် တိုက်တွန်းနေသည်။ ကျန်ချီသည် ပျင်းရိနေပြီး ရေထဲတွင် ဖြည်းညင်းစွာရွေ့လျားနေသည့် ခံစားချက်ကိုခံစားနေသည်။

ရေချိုးပြီး အဝတ်အစားလဲပြီးနောက် ကျန်ချီက အစောကြီး ထွက်သွားလေ့ရှိသည်။ သူ ရေကူးကန်ထဲက ထွက်လာချိန်တွင် ထောင့်မှာ ပုံရိပ်တစ်ခုကိုတွေ့လိုက်ကာ သူက ရှောင်ဖို့လုပ်ပေမယ့် တစ်ဖက်ကလိုက်ရွှေ့ပြီး သူ့ရှေ့မှာပိတ်ရပ်လိုက်သည်။

ကျန်ချီ ခေါင်းကိုမော့ကြည့်လိုက်သော် စက္ကန့်အနည်းငယ်လောက် စိတ်တွေသွားသည်။

ဝမ်ချွမ်း၏ ရှည်လျားသောဆံပင်များက စိုစွတ်နေပြီး အနောက်တွင်စုစည်းထားကာ ပြီးပြည့်စုံလွန်းသော သူ့မျက်နှာမှာ အရင်နေ့က လဲကျထားတာမဟုတ်သလိုပဲ။ သူ့မျက်လုံးများက အေးစက်လွန်းလှသဖြင့် ခံစားချက်များကို မမြင်နိုင်ပေ။ ကျန်ချီ အသက်ရှူကြပ်လာကာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး “...တစ်ခုခု မှားနေလို့လား...” 

စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝမ်ချွမ်း၏ နှုတ်ခမ်းများလှုပ်ခတ်သွားကာ စကားတစ်ခွန်းထွက်လာသည် “မစ္စတာကောင့်က... ရေကူးပြိုင်ပွဲအတွက် စာရင်းသွင်းလက်ခံတာ... နောက်နှစ်ရက်နေရင်ပိတ်တော့မယ်လို့ ပြောခိုင်းလိုက်တယ်...”

သူ့နားထဲသို့ အသံများဝင်သွားပြီးမျ ကျန်ချီ၏ နှလုံးသားလေးပြန်ငြိမ်ကျသွားကာ “ငါ ဆရာကောင့်ကို ဝင်မပြိုင်ဘူးလို့ ပြောထားပြီးသားပါ”

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now