4K 694 20
Unicode
ကံကောင်းစွာနဲ့ပဲ အားလပ်ချိန်ဖြစ်နေတာကြောင့် ဝမ်ချွမ်းကိုကျောင်းဆေးခန်းလိုက်ပို့တဲ့လမ်းမှာ လူတွေအများကြီး မတွေ့ခဲ့ဘူး။ ကျန်ချီနဲ့ ကောင့်ရန်သည် သတိလစ်နေသောဝမ်ချွမ်းကို အိပ်ယာပေါ်တင်လိုက်ပြီး ရွှဲနစ်နေသောအဝတ်အစားများက အဖြူရောင်အခင်းပေါ်တွင် စိုစွတ်သောအစွန်းကွက်ကိုဖြစ်စေသည်။
ကောင့်ရန်မှာက နောက်အတန်းချိန်တစ်ခုရှိသေးတော့ အခြေခံအချက်အလက်တွေကို ချင်ကျောက်ကိုရှင်းပြခဲ့ပြီး ကျန်ချီတစ်ယောက်တည်း ထားခဲ့လိုက်သည်။
“38° အဖျားကြီးနေတယ်”
ချင်ကျောက်သည် သာမိုမီတာမှသူ့အကြည့်ကိုပြန်ရုတ်လိုက်ပြီး ရွှေရောင်မျက်မှန်အောက်မှ မျက်လုံးများက ကျန်ချီပေါ်တွင်ရပ်တန့်သွားကာ အမျိုးအမည်မသိနိုင်သည့် လေးနက်သောအဓိပ္ပာယ်ဖြင့် “မင်းက မတော်တဆမှုတွေ အမျိုးမျိုးကို အမြဲကြုံတွေ့နေရပုံပဲနော်”
ကျန်ချီက နှုတ်ခမ်းများ ဖွင့်ဟသွားကာ သူ့စကားများကိုမကြားချင်ယောင်ဆောင်လိုက်ပြီး နာကျင်နေသေးသောခါးကိုပွတ်သပ်ကာ “ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော်သွားတော့မယ်”
“မင်းက ဘယ်သွားမလို့လဲ?” ချင်ကျောက်သည် သူ့ကိုကျော်သွားကာ အံဆွဲကိုဖွင့်လိုက်ပြီး ဆေးတစ်ရှူးတစ်ဗူးကိုထုတ်လိုက်ကာ ကျန်ချီရှေ့တွင်ပစ်ချပြီး “သူ့အဝတ်အစားတွေကိုချွတ်ပြီး ရေသုတ်ပေးလိုက်”
ကျန်ချီသည် တစ်ရှူးထုပ်များကိုခဏမျှစိုက်ကြည့်ကာ ချင်‌ေကျာက်ကိုပြန်ကြည့်ပြီး “ကျွန်တော်ကလား…?”
“ငါ့တာဝန်က ရောဂါကုသဖို့ပဲ... ဒီလူကို မင်းခေါ်လာတာသေချာပါတယ်.. ဒီတော့ ဒါကိုလုပ်ဖို့ မင်းမှာတာဝန်ရှိတယ်”
နောက်ဆုံးအကြိမ်တုန်းက နားလည်မှုလွဲခြင်းသည် ချင်ကျောက်ရဲ့ရင်ထဲမှု နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းဖြစ်မယ်။ သူသည် ကျန်ချီနှင့်တစ်မီတာနီးပါးအကွာတွင်ရှိနေပြီး ခြေနှစ်လှမ်းတက်လိုက်သည်နှင့် ဒီအရာတွေအကုန်လုံးကိုလွင့်ပစ်ချင်နေသည်။
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now