Chapter 38 လက်ဆောင်/ လက္ေဆာင္

3.4K 574 18
                                    

Unicode

ကျန်ချီနိုးလာတော့ အပြင်ဘက်မှာ နေ့လည်တောင်ရောက်နေပြီ။

သူ ပထမဆုံးအကြိမ် အတန်းချိန်ပျက်ခဲ့တာဆိုပေမယ့်လည်း ကံကောင်းစွာနဲ့ ဝမ်ချွမ်းကိုကြိုပြီး ခွင့်တင်ထားခိုင်းခဲ့သည်။ သူအိပ်ရာထချိန်မှာ ခေါင်းကသိပ်မကိုက်တော့ပေမယ့် နှာပိတ်နေသေးတယ်။ ကျန်ချီ ရေချိုးဖို့ထလိုက်ကာနီး သပ်ရပ်နေတဲ့အခန်းနဲ့ ကုတင်ဘေးက သူ့ရဲ့ယူနီဖောင်းကို မီးပူတိုက်ထားတာမြင်တော့ ကုတင်ပေါ်ကနေ ထိတ်လန့်သွားရသည်။

တံခါးခေါက်ပြီးနောက် ဝမ်ချွမ်းက နေ့လည်စာအိတ်တစ်ခုနဲ့အတူ တံခါးဝတွင်ပေါ်လာတယ်။ ကျန်ချီက ယူနီဖောင်းလဲထားပြီးဖြစ်သည်။ တံခါးဖွင့်ပေးပြီး သူနည်းနည်းတော့ အံ့ဩသွားတယ်။ သူ့ကိုဝင်ခွင့်ပေးလိုက်ပြီး မေးလိုက်တယ် "မင်း အတန်းမရှိဘူးလား"

"နေ့လည်စာနားချိန်"

ဝမ်ချွမ်းရဲ့အဖြေက အရင်ကအတိုင်း ခပ်တိုတိုပဲဖြစ်နေပြီး နှစ်ယောက်စာနေ့လယ်စာကို စားပွဲပေါ်တင်လိုက်သည်။ ဒါက သူအစားအသောက်အများကြီးဝယ်တာကို ကျန်ချီမြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ သူ ရှက်ရွံ့သွားပြီ အနည်းငယ်ရွေ့လိုက်ကာ 'ကျေးဇူးပါပဲ'လို့ ပြောလိုက်ပေမယ့် ဝမ်ချွမ်းကတော့ ပြန်မဖြေဘူး။

စားပွဲသေးသေးလေးမျာ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ကျန်ချီ ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီ စက္ကန့်အနည်းငယ်တုံ့ဆိုင်းပြီးမှ မေးလိုက်တယ် "မနေ့ညက ငါ့အိပ်ဆောင်ကို မင်း ရောက်လာသေးလား?"

ဝမ်ချွမ်းက ပေါ့ပေါ့ပါးပါးပြန်ဖြေတယ် "မင်း မနက်က အတန်းမလာ‌ေတာ့ ငါ ဒီကိုတစ်ခေါက်လောက်လာကြည့်ဖို့ သော့ငှားလိုက်တယ် မင်းအိပ်နေတုန်းမို့လို့ ငါ အခန်းကိုသန့်ရှင်းရေးလုပ်ထားခဲ့လိုက်တာ"

ကျန်ချီလက်ထဲက တူတွေ လေထဲခဏရပ်သွားကာ "ငါ့ အဝတ်တွေ‌ကိုရော လျှော်ထားတာလား"

"ငါ ကျောင်းသားသမဂ္ဂကနေ ဝတ်စုံအသစ်တောင်းခဲ့တာ" ဝမ်ချွမ်းကပြောသည် "မင်းရဲ့ အရင်ဝတ်စုံကို ငါ ပြန်လျှော်ထားခဲ့တယ်"

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now