Chapter 11 စိုးရိမ်ပူပန်မှု/ စိုးရိမ္ပူပန္မႈ

4K 747 11
                                    

Unicode

ကျန်ချီသည် ရှည်လျားလှသော စင်္ကြံလမ်းကို ဖြတ်၍ ထောင့်တစ်ဖက်သို့ လှည့်လိုက်သောအခါ လူပုံသဏ္ဍာန်တစ်ခုနှင့် တိုက်မိသွားသည်။ သူက “တောင်းပန်ပါတယ်” လို့ တိုးတိုးလေးပြောပြီး ရှေ့ကိုဆက်သွားဖို့ ခေါင်းကို ငုံ့ထားချိန်မှာ ရုတ်တရက် သူ့လက်ကို လှမ်းဆွဲခံလိုက်ရတယ်။

"ကျန်ချီ..."ကျိဟွိုင်စစ်က သူ့နာမည်ကို ခေါ်ပြီး "အတန်းစတော့မယ်‌ေလ၊ ဘယ်သွားမလို့လဲ" ဟု နွေးထွေးစွာ မေးသည်။

တကယ်လို့သာ ကျန်ချီသည် သူ့အပြစ်နဲ့သူ သူ့(ကျိဟွိုင်စစ်)အားတိုက်မိခဲ့တာမဟုတ်ရင် ကျိဟွိုင်စစ်ကဒီနေရာမှာ သူ့ကိုရည်ရွယ်ချက်ရှိရှိ တမင်စောင့်ဆိုင်းနေခဲ့တာလို့ ထင်မိလိုက်မှာ။

"ကျွန်တော် အကြောင်းတစ်ခုကြောင့် ကျန်းယန်နဲ့တွေ့ဖို့လိုတယ်" သူဒီလိုဖြေလိုက်ပေမယ့်လဲ အရမ်းနောက်ကျနေပြီဆိုတာ ကျန်ချီသိပါတယ်။ 

“ကိုယ်က သူနဲ့အတူတူ ရသစာပေအတန်းတူတယ်လေ... မင်းစိတ်မရှိရင်... ကိုယ်သူ့ကိုပြောပေးလို့ရတယ်။"

ကျန်ခီျသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီး "မလိုတော့ပါဘူး၊ ဒါက အရေးမကြီးပါဘူး"

ကျိဟွိုင်စစ်သည် မျက်လုံးများကို အောက်စိုက်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားပုံရကာ စိုးရိမ်ပူပန်မှုများဖြင့် "မင်း အခု ဆေးကုခန်းထဲက ထွက်လာတာကို တွေ့လိုက်တယ်  အဆင်ပြေရဲ့လား"

"ကျွန်တော် အဆင်ပြေပါတယ်... နည်းနည်းလေး အိပ်မပျော်ရုံလေးပါ"

ကျန်ချီသည် စကားပြောနေရင်း ကျိဟွိုင်စစ်ဖမ်းကိုင်ထားတဲ့သူ့လက်ကို စိုက်ကြည့်နေမိရာ ကျိဟွိုင်စစ်သည် အခုမှအိပ်မက်ကနေနိုးလာသလို သူ့လက်ကိုဖြည်းညင်းစွာလွှတ်ပေးသည်။သူကအနည်းငယ်နောင်တရနေသလိုဖြင့် "တောင်းပန်ပါတယ် မင်းဆီကပြန်စာမလာလို့ ကိုယ်က မင်းတစ်ခုခုဖြစ်‌ေနတယ်ထင်သွားလို့"

"ပြန်စာလား..?"

"မနက်က ကိုယ် မင်းကို စာတစ်စောင်ပို့ထားတယ်‌ေလ။"

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Onde histórias criam vida. Descubra agora