Chapter 34 ကံကြမ္မာ/ ကံၾကမၼာ

2.9K 524 18
                                    

Unicode

"ဝင်ခဲ့ပါ"

ချင်ကျောက်ရဲ့အသံထွက်လာပြီး သူ့မျက်လုံးတွေက ကျန်ချီကိုတွေ့လိုက်တာနဲ့ ကုလားထိုင်ပေါ်နောက်မှီလိုက်ပြီး လက်ချောင်းကြားကဘောပင်ကို ဖြည်းညင်းစွာချလိုက်ကာ "နေမကောင်းလို့ဆိုရင် ကုတင်ပေါ်မှာထိုင်ပြီး မင်းရဲဘအခြေအနေကိုပြော အဲ့တာကြောင့်သာမဟုတ်ဘူးဆိုရင် ပြန်လိုက်တော့"

ငြင်းပယ်တာမျိုးမဟုတ်တဲ့ သဘောနဲ့ ကျန်ချီက ရှေ့တည့်တည့်ကိုလျှောက်လာတာ မရပ်သွားပေ။ ချင်ကျောက်မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်လာပြီး အေးစက်ပြီး သတိထားနေတဲ့အမူအယာတွေ အစားထိုးလာကာ နီးကပ်လာတဲ့ ကျန်ချီကိုစိုက်ကြည့်ပြိီး "ငါ့စကားကို နားမလည်တာလား"

"ခဗျား ဒီနေရာမှာရှိနေတာ ကျွန်တော်သိတယ်"

စာရေးစားပွဲက ခြားထားသည်။ ကျန်ချီကရပ်လိုက်ပြီး မျက်မှန်‌ေပါ်က‌ေန ချင်ကျောက်ရဲ့မျက်လုံးတွေကို နက်နဲစွာစိုက်ကြည့်ကာ "ခဗျားကို ဘယ်လိုခေါ်ရမလဲမသိပေမယ့် အခုတွေ့ရမှဖြစ်မယ် အရင်ချိန်တွေကလို အိမ်မက်တစ်ခုမဟုတ်ဘဲ ခဗျားနဲ့ မျက်နှာချင်းဆိုင် စကားပြောချင်တယ်"

အချိန်‌အတော်ကြာ တိတ်ဆိတ်နေခဲ့တယ်။

ချင်ကျောက်က အဓိပ္ပာယ်မဲ့ပြီး နားမလည်နိုင်တဲ့ဟာသတစ်ခုကို ကြားခဲ့ရသလို ဖီးနစ်မျက်လုံးတစ်စုံကို ဖြည်းညင်းစွာမှိတ်လိုက်သည်။ ကစားခံလိုက်ရသလို မှုန်ကုပ်နေကာ ဒေါသတကြီးဖြင့် "မင်း..."ဆိုတဲ့ စကားတစ်ခွန်းကိုသာ ပြောထွက်နိုင်သည်။

"ချင်ကျောက်"

ကျန်ချီက သူ့နာမည်ကို ထပ်ခါထပ်ခါခေါ်နေပြီး အချိန်တစ်ခုလောက် သူ့နှလုံးခုန်သံတွေက အရင်ကထက်ပိုမြန်နေခဲ့တယ်။ သူ မသေချာပေမယ့် ဖြစ်နိုင်ချေကို လောင်းကြေးထပ်ထားခဲ့တာ "ကျွန်တော် ခဗျားနဲ့စကားပြောလို့ရမလား"

ထိုအချိန်တွင်းမှာ တိတ်ဆိတ်မှုတစ်ခုက သိမ်မွေ့စွာဖုံးကွယ်ထားသည်။ ကျန်ချီက ချင်ကျောက်ရဲ့မျက်နှာမှာ ဘယ်ပြောက်းလဲလာမှုကိုမှ လွတ်မသွားစေရန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ အာရုံစိုက်ထားသည်။ တဖြည်းဖြည်း သူ့မျက်လုံးတွေက အဓိပ္ပာယ်မရှိတဲ့ လေးနက်သောဟာသတစ်ခုလိုမျိုး အစားဝင်လာကာ ရွှေရောင်မနားကွပ်မျက်မှန်ကိုဖယ်ရှားဖို့ လက်ကိုမြှောက်လိုက်သည်။ ဖီးနစ်မျက်လုံးများက မော့လာပြီး ချိုမြိန်သောအသံက သူ့နှုတ်ခမ်းကထွက်ပေါ်လာရင်း "ဒါပေါ့ မင်းလေးရဲ့တောင်းဆိုမှုကို ကိုယ်က ဘယ်လိုလုပ်ငြင်းနိုင်မှာလဲ"

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Dove le storie prendono vita. Scoprilo ora