Unicode
“ကျန်ချီ.. မင်းခန္ဓာကိုယ်က အဆင်မပြေဘူး မဟုတ်လား”
“ကျွန်တော်……”
“မင်း ကိုယ့်ကိုမတွေ့ချင်ဘူးဆိုတာ အစောကတည်းကသိခဲ့တယ်” ကျိဟွိုင်စစ်ကရယ်မောနေပေမယ့် အထီးကျန်မှုအရိပ်အယောင်ကို ကျန်ချီခံစားမိသည်။ “ကိုယ် အမှားလုပ်မိထားလို့လား...?”
ကျန်ချီ ပြန်မဖြေနိုင်ပါ။ စကားလုံးတိုင်းက သူ့ကိုဖိနှိပ်ထားသလိုပဲ။ တဆင့်ချင်းတဆင့် တင်းကျပ်မှုတွေက သူ့လည်ချောင်းတဝိုက်ကို ကြိုးတစ်ချောင်းနဲ့ရစ်ပတ်ထားသလိုဖြစ်နေပြီး အသက်မရှူနိုင်ပေ။ ခဏအကြာမှ သူသည် “အဲ့လိုမဟုတ်ပါဘူး”ဟူသော စကားလေးလုံးကို ညှစ်ထုတ်နိုင်သည်။
“အစကတော့ မင်းက ကျန်းယန်ကိုခေါ်လာမယ်လို့ ကိုယ်ထင်ခဲ့တာ” ကျိဟွိုင်စစ်အသံက ပေါ့ပါးသည်လဲမဟုတ် လေးလံနေတာလဲမဟုတ်ပေမယ့် ကျန်ချီရဲ့ရင်ဘတ်ထဲတွင် တူကြီးတစ်ချောင်းဖြင့် ထုနေသလို “မင်းက အမြဲတမ်း ပိုင်ရှီယုရဲ့ခံစားချက်တွေကိုဂရုစိုက်နေတယ် သူ့ကို ကိုယ့်ဆီတွန်းပို့နေသလိုပဲ ကိုယ်ပဲထင်နေလို့လား”
မဟုတ်ဘူး။ ထင်ယောင်ထင်မှား ဖြစ်နေတာမဟုတ်ဘူး။
ကျိိဟွိုင်စစ်က အရမ်းထက်မြက်လွန်းသည်။ ဒါမှမဟုတ် သူက ကျန်ချီထင်ထားသည်ထက် အရာအားလုံးတွင် သိမ်မွေ့လွန်းသည်။ သူသည် ပိုင်ရှီယုအပေါ်အသုံးအနှုန်းကို တခါတလေမှသာ စွန်းထင်းစေသည်။ စားသောက်ဆိုင်မှာ သူတို့စကားပြောနေတဲ့အချိန်အတွင်း သူ့ကိုနီးစပ်ရာစားသောက်ဆိုင်ကိုညွှန်းပြီးထွက်သွားစေသည်။ ဒီသိမ်မွေ့တဲ့လုပ်ရပ်အားလုံးက ကျိဟွိုင်စစ်ကို အထူးအဆန်းအဖြစ် အာရုံဖမ်းစားစေသည်။ သူလုံးဝမငြင်းနိုင်ဘူး။
“ကျန်ချီ၊” တိတ်ဆိတ်ေနမှုသည် အချက်ပြမှုတစ်မျိုးလည်း ဖြစ်နိုင်သည်။ ကျိဟွိုင်စစ်သည် ကျန်ချီ၏ပုခုံးကိုညင်သာစွာဖိကိုင်ကာ “ကိုယ့်ကို စိတ်မဆိုးပါနဲ့ ဘာလို့လဲဆိုတာကို သိချင်ရုံလေးပါ”
ကျန်ချီ ဘယ်လိုပြန်ဖြေရမလဲမသိတော့ဘူး။ ပိုင်ရှီယုက ခင်ဗျားကိုချစ်မိသွားလို့ ဒီလိုမျိုးတွေဖြစ်နေရတာလို့ သူ့ကိုပြောလိုက်ရမလား။ ကျိဟွိုင်စစ်ရဲ့ မှုန်ကုပ်နေသောမျက်လုံးများကိုကြည့်ရင်း ကျန်ချီရဲ့နှလုံးသားက ရာသီတချို့ဖြတ်သန်းရသလို အရသာမျိုးစုံရောနှောသွားကာ “တောင်းပန်ပါတယ်.. အခုမရှင်းပြနိုင်ဘူး”
BẠN ĐANG ĐỌC
အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်
Viễn tưởngAssociated name- Guizu Nan Xiao (贵族男校) Author- Zheng Jiu Sha (郑九煞) Status in COO -155 Chapters+8 extra in original novel E: translation- Lazy Girls translation Original publisher- Chang Pei (gongzi cp) #I own nothing about this novel and cover phot...