Chapter 10 အိပ်မက်ကမ္ဘာ/ အိပ္မက္ကမ႓ာ

4.1K 710 12
                                    

Unicode

ကျန်ချီအိပ်မက်မက်နေပြန်သည်။ ဤတစ်ကြိမ်တွင်... သူ၏ခန္ဓာကိုယ်သည် သစ်ရွက်ခြောက်များပေါ်တွင် တင်စီးလျက် ကောင်းကင်ယံသို့ ပျံဝဲနေပုံရပြီး Saintston ကောလိပ်တစ်ခုလုံးကို အပေါ်စီးမှ အကုန်မြင်ရသည်အထိမြင့်တက်သွားသည်။

ဖြစ်ပျက်နေသမျှအားလုံးက အမှန်တကယ်လိုမျိုးပဲ သူ့စိတ်ထဲမှာအသေးစိတ်ကအစ ရှင်းလင်းပြတ်သားစွာပေါ်ပေါက်နေသည်။ မြက်ပင်တွေအားလုံး...၊ သစ်ပင်တွေကအစ...၊ ဖြတ်သန်းသွားသောလူစုတွေ...၊ သူကိုယ်တိုင်အပါအဝင်.....

သစ်ရွက်သည် လေထဲတွင် လွင့်မျောနေရာမှ ကျန်ချီသည် လေ‌အပေါ်သို့မြှင့်တက်သွားပြီး ချက်ချင်းပြုတ်ကျလာခဲ့သည်။ 

လေတိုးသံတစ်ခုက သူ့နားကို ဖြတ်သွားကာ 'ခေါင်းလောင်းသံ'  နှင့်အတူ မြည်ဟည်းလာသည်။ ကုတင်ပေါ်တွင် သူ့မူလကိုယ်ဟန်အနေအထားဖြင့် လှဲလျောင်‌းနေသည်။ အချိန်အတော်ကြာမှ အသံက သူ့အိပ်မက်ထဲကမဟုတ်ဘဲ အိပ်ယာဘေးရှိ သူ့ဖုန်းမှထွက်လာသောအသံဖြစ်ကြောင်းသိလိုက်သည်။

“……ဟေး?”

"ကျန်ချီ...  မင်းအဆင်ပြေရဲ့လား... မနေ့က ရေအလောင်းခံလိုက်ရတယ်လို့ကြားတယ်... အားလုံးက ပိုင်ရှီယုကြောင့်ပဲမလား...။ အဲ့ဒီမ‌ေကာင်းတဲ့အကောင်... သူ့ကိုယ်သူအသေခံဖို့လုပ်ရတာအားမရဘဲ... မင်းကိုပါဆွဲချချင်နေသေးတယ်!” ကျန်းယန် ၏ ဒေါသနှင့် စိုးရိမ်သော အသံသည် ဖုနး်ထဲမှတဆင့် ပျံ့နှံ့သွားပြီး သူငိုက်မျဉ်းနေတာကိုတောင် ချက်ချင်းပြေပျောက်သွားစေသည်။

ကျန်ချီ သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်ပြီး လေးတင်နေတဲ့ မျက်ခွံတွေကို ပွတ်သပ်လိုက်ကာ "ငါ အဆင်ပြေပါတယ်၊ ဒါပေမယ့် ဒီနေ့ ကျောင်းယူနီဖောင်းကတော့ ဝတ်လို့မရသေးဘူး..."

စကားပြောနေသံက တစ်ဝက်နဲ့ပြတ်‌ေတာက်သွားပြီး ကျန်ချီ သည် ကုတင်ဘေးတွင် ချိတ်ထားသည့် အသစ်စက်စက် ဝတ်စုံနှင့် ယူနီဖောင်းကို ကြည့်ကာ အနည်းငယ် လန့်သွားသည်။ ခဏလောက်တော့ ထင်ယောင်ထင်မှားဖြစ်သွားတာလား ဒါမှမဟုတ် သူအိပ်ရာမနိုးသေးဘူးလားလို့ သံသယဖြစ်လိုက်မိတယ်။

အထက်တန်းစားယောက်ျားလေးကျောင်း (𝘼𝙗𝙨) ဘာသာပြန်Where stories live. Discover now