Part-1(Uni)

18.5K 746 32
                                    

"ဘုန်းဘုန်းဘုရား တပည့်တော်ကိုခေါ်တယ်ဆို..."

"အေး ဒီရှေ့ကိုတိုးလာခဲ့..."

"တင်ပါ့..."

ဘုန်းဘုန်းကခေါ်တာကြောင့် ပြည့်ဝမရဲတရဲနဲ့ပဲ အရှေ့တိုးထိုင်လိုက်သည်။ သူမနေ့ညကထန်းရည်သောက်ပြီး အိမ်မပြန်တာသိသွားလို့များ ခေါ်ဆူတာလားမသိဘူး....

"မင်း....."

"တပည့်တော်နောက်မသောက်တော့ပါဘူး ဘုရား...
တပည့်တော်ဆင်ခြင်ပါ့မယ်ဘုရား..."

"မင်းဘာတွေပြောနေတာလဲ? ပြည့်ဝ..."

"ဗျာ ဘုန်းဘုန်းပဲ 'မင်း´ဆိုပြီး ဆူမလို့မဟုတ်ဘူးလားဘုရား..."

"တယ် ငါရိုက်လိုက်ရ...
စကားကိုဆုံးအောင်နားမထောင်ဘူး...."

သူ့ကိုဆူမလို့ထင်ထားတာ...
ပြည့်ဝခေါင်းကိုကုတ်လို့ ဘုန်းဘုန်းစကားကိုဆုံးအောင်နားထောင်လိုက်သည်။

မိဘများဆုံးပြီးကတည်းက ဘုန်းဘုန်းပဲ သူ့ကိုကြည့်ရှုစောင့်ရှောက်ခဲ့တာ...
အရွယ်ရောက်တော့လည်း သူ့အိမ်မှာထက် သူဘုန်းကြီးကျောင်းမှာပဲ အနေများသည်။ ဘုန်းကြီးဝတ်ချင်ပေမယ့်လည်း ညစာမစားရရင်မနေနိုင်တဲ့သူ့အတွက်အဆင်မပြေလှတာမို့ မဝတ်ဖြစ်။
အခုတော့ ပြည့်ဝဆိုတဲ့ မပြည့်မဝကောင်လေးက ရွာထဲကရှိသမျှအလုပ်ကိုကုန်းရုန်းလုပ်နေရသည့်ကောင်လေးတစ်ယောက်ပါ...
မိဘများထားသွားသည့် လယ်၃ဧကကလည်း ကိုယ်မလုပ်နိုင်တာကြောင့် သီးစားချထားရသည်။

ဒီတော့ အလုပ်အကိုင်ရေရေရာရာမရှိ ငွေရေးကြေးရေးအရလည်းမပြည့်စုံတဲ့သူ့ကိုရွာထဲမှ ဘယ်မိန်းကလေးကမှအဖက်မလုပ်ပါ။

"မင်း အလုပ်တစ်ခုခုကိုလုပ်သင့်နေပြီပြည့်ဝ...
ဘုန်းဘုန်းကလည်းမင်းကိုတသက်လုံးကြည့်ပေးနိုင်မှာမဟုတ်ဘူး...
ဒီအရွယ်ထဲမှမင်းစီးပွားမရှာရင် အသက်ကြီးမှအခက်တွေ့မယ်..."

"တပည့်တော်လည်းလုပ်နေတာပါပဲဘုရား..."

"မင်းလုပ်နေတဲ့အလုပ်က ကြုံရာအလုပ်တွေ...
မင်းလည်းအရွယ်ရောက်နေပြီ ပြည့်ဝ...
အလုပ်လုပ်ပြီးစုထားဆောင်းထားသင့်နေပြီ..."

Boss and Me (Complete)Where stories live. Discover now