အကိုလေးပြောတဲ့အတိုင်းဦးတို့ကမဥမ္မာကို အလုပ်ထုတ်လိုက်သည်။ မဥမ္မာကိုသူအားနာပေမယ့် ဒါသူစွက်ဖက်လို့ရတဲ့အရာမှမဟုတ်တာ...ပြည့်ဝမြက်ခင်းပေါ်ထိုင်ချလိုက်ပြီး ခြံထဲအားပတ်ကြည့်နေလိုက်သည်။ ခြံထဲကအပင်တွေကိုလိုက်ကြည့်နေသည့်အကိုလေးကိုတွေ့ရသည်။ ဟိုအပင်ဆွဲယူကြည့် ဒီအပင်ဆွဲယူကြည့်နဲ့ဘာလုပ်နေမှန်းကိုမသိဘူး။
သူ့မှာတမနက်လုံးနှင်းဆီပင်နဲ့စံပယ်ပင်ကိုရေလောင်းရတာ လက်ပါအံသေတယ်...
အခုမှတာအညောင်းဖြေရတယ်..."ပြည့် ကိုယ်တို့ခြံထဲမှာဒန်းပင်မရှိဘူး..."
"ဟမ် ဒန်းပင်...
ဒန်းပင်ဘာလုပ်မလို့လဲ?...""မင်းအတွက်ချေရမယ့် ယတြာထဲမှာပါတယ်လေ...
ဒီနေ့စနေဆိုတော့ ဒန်းကိုးညွန့်လှူရမှာလေ မေ့နေတာလား...""ဟီး ကျွန်တော်မေ့သွားတယ်..."
"မင်းကတော့ ယတြာချေရမယ့်ကိစ္စကိုမှမေ့ရတယ်လို့...
ထ ဒန်းပင်လိုက်ရှာမယ်...""ညောင်းလို့မသွားနိုင်သေးဘူး..."
"ညောင်းနေတာလား..."
"ဟာ ခုံမှာထိုင်လေ..."
ပြောရင်းဆိုရင်း သူ့အနားမှာအကိုလေးကထိုင်ချလိုက်တာကြောင့် ပြည့်ဝထရပ်လိုက်သည်။
"ထိုင် ဒီမှာပဲ..."
"အမေ့!.."
လက်ကိုဆွဲချလိုက်တာကြောင့် ပြည့်ဝကိုယ်လေး ကုဋေ့ပေါင်ပေါ်ကျသွားလေသည်။
"လွှတ်ပေး သူများတွေတွေ့သွားမယ်..."
"တွေ့တွေ့..."
"ဒန်းပင်ရှာမလို့ဆိုသွားမယ်လေ..."
"ခဏထိုင်ဦးမယ်..."
"ဟာ...."
အခြားတယောက်ယောက်တွေ့သွားမှာစိုးလို့ ပြည့်ဝမှာလူအရိပ်အခြေကိုပဲကြည့်နေရသည်။ အလုပ်သမားတယောက်ယောက်တွေ့သွားပြီး ဦးနဲ့သွားပြန်တိုင်ရင် သူ့ကိုဒီအိမ်ကနှင်ထုတ်မှာ...
သူအကိုလေးနဲ့ဝေးရမှာတဖြည်းဖြည်းကြောက်လာပြီ..."ကိုယ်ဝယ်ပေးထားတဲ့အင်္ကျီတွေရော..."
"ရှိတယ်လေ..."