"အကိုရေ အကို့ကိုပြောရဦးမယ်သိလား...""ဘာဖြစ်လို့လဲ? နှင်းရဲ့...."
ဆွမ်းလောင်းဖို့အတွက်ဆင်းသွားသည့်နှင်းကအခန်းထဲဝင်လာပြီးပြောတာကြောင့်ဦးပြည့်စုံလည်းစာအုပ်ကိုချလို့ဒေါ်မေနှင်းရဲ့အနားကိုသွားလိုက်သည်။
"ကုဋေပေါ့ ဒီနေ့နှင်းတခါမှမမြင်ဖူးတာမြင်ခဲ့ရတယ်သိလား...
ကုဋေကဘုန်းဘုန်းတွေကိုဆွမ်းထွက်လောင်းနေတာ...""ဟမ်...."
"ဟုတ်တယ် နှင်းဆိုမြင်မြင်ချင်းမယုံပါဘူးဆိုဘေးမှာပြည့်ဝကိုတွေ့မှသာယုံလိုက်ရတာ...
ပြည့်ဝကနှင်းကိုတွေ့တော့လှမ်းပြုံးပြရှာတယ်သိလား အဲ့ကလေးကချစ်စရာလေး...""ကုဋေတကယ်အချိုးပြောင်းနေတာပေါ့..."
"ဟုတ်တယ်အကိုရေ...
နှင်းတော့မယုံနိုင်ဘူးဖြစ်သွားတာ...
ပြည့်ဝကကုဋေ့အပေါ်သက်ရောက်မှုတော်တော်ရှိတယ်...
ကလေးတွေကိုသဘောတူပေးလိုက်ပါ...""အို......."
ဒေါ်မေနှင်းအပြောကိုဦးပြည့်စုံကခေါင်းခါပြီး ထိုင်ခုံမှာသွားထိုင်လေသည်။ အခုထိသဘောတူတဲ့အရိပ်အယောင်မတွေ့ရတာကြောင့် ဒေါ်မေနှင်းသက်ပြင်းသာသာအကြိမ်ကြိမ်ချနေသည်။ သားကိုမချစ်တာလည်းမဟုတ် သက်သက်တင်းခံနေတာ...
"အဲ့ကောင်ကယုံရတာမဟုတ်ဘူး...
သူများသားသမီးကိုအတည်မယူဘဲအပျော်ကြံရင်ဘယ်လိုလုပ်မလဲ?...""ကုဋေကအကို့သားပါ အကိုရဲ့...
အကို့သွေးတော့အပြည့်ပါမှာပါ...
အခုလည်းမြင်နေရတာပဲကို...
အရင်ကဆိုအခုလိုဆွမ်းထွက်လောင်းဖို့နေနေသာ အဲ့အချိန်ထတောင်မထဘူးလေ...
မနေ့ကလည်း နှင်းအပေါ်ထပ်ကနေကြည့်နေတာ ကုဋေကစံပယ်ရုံကိုရေလောင်းနေတာ...
ဘေးမှာပြည့်ဝလည်းရှိနေတယ်...
တခါမှနှင်းမမြင်ဖူးတဲ့ကုဋေ့ရဲ့အပြုံးတွေကိုပြည့်ဝနဲ့အတူရှိမှနှင်းမြင်ဖူးတာ..."ဒေါ်မေနှင်းအပြောကို ဦးပြည့်စုံဘာမှတော့မပြေ။ သဘောမတူနိုင်ဘူးဆိုတဲ့အထိတော့ ငြင်းနေတာတော့မဟုတ်။ ကုဋေထပ်ပြီးပြောင်းလဲမပြောင်းလဲကိုစောင့်နေခြင်းသာ။