ပြည့်ဝ ဒီမနက် အကိုလေးကုဋေဆီမသွားဘူး။ သူ့ကို ကိုယ့်အထုပ်ကိုယ်ထမ်းပြီးပြန်လို့ပြောလို့ သူအကိုလေးကုဋေကိုစိတ်ဆိုးတယ်။ ဒါကြောင့်မသွားခြင်းဖြစ်သည်။ ပြီးတော့ သူ့ကိုအခန်းထဲကလည်းနှင်ထုတ်တယ်။
သူမနက်စာသွားမပို့ပေမယ့် အကိုလေးကုဋေကလည်း အိမ်ကြီးဆီလာမစားပေ။ အဆာလွန်ပြီး အစာအိမ်တွေဘာတွေဖြစ်နေမှခက်ဦးမည်။
အို.....ဘာလို့စိတ်ပူရမှာလဲ?...
သူ့ဘာသာဘာဖြစ်ဖြစ်ပေါ့..."ပြည့်ဝ ထမင်းပန်းကန်တွေလာဝိုင်းသိမ်းလေ...
ပြည့်ဝ ဟေ့ကောင်လေး...""ဗျာ ဗျာ...
ဟုတ် ဟုတ် ကြီးစော..."ပြည့်ဝအတွေးလွန်နေတာ ကြီးစောခေါ်လိုက်မှပဲသတိရတော့သည်။ သူရပ်ပြီးအတွေးလွန်နေတာ ဦးနဲ့အန်တီတောင် စားပြီးလို့ထွက်သွားကြပြီ။
ပြည့်ဝလည်း အမြန်ပင်ကြီးစောအနားကိုသွားလိုက်သည်။ ထမင်းပန်းကန်တွေကိုကိုင်ပြီး ရပ်လိုက်တဲ့အချိန် ထမင်းစားခန်းထဲဝင်လာသည့် လူတစ်ယောက်ကြောင့်ပြည့်ဝခြေလှမ်းတွေရပ်တန့်သွားသည်။
ရွှေအိုရောင်ဆံစတို့က နဖူးပေါ်ကျနေကာ ရှုတည်တည်မျက်နှာပေးနဲ့ ဘောင်းဘီအိတ်ကပ်ထဲကလက်ထည့်ကာ ရပ်နေသည်။ ပြည့်ဝအမြန်ပင်အကြည့်လွှဲလိုက်ပြိး မသိချင်ယောင်ဆောင်ကာ ထွက်လာခဲ့သည်။
"ကုဋေ နေ့လယ်စာလာစားတာလား..."
"ဟုတ်..."
"လာ လာ ထိုင်...
ကြီးစောထည့်ပေးမယ်..."ကုဋေထိုင်နေကျနေရာမှာဝင်ထိုင်လိုက်တော့ ကြီးစောက ထမင်းပန်းကန်ပြင်ပေးလာသည်။
"ကုဋေလာမစားရင် ပြည့်ဝကိုလာပို့ခိုင်းမလို့...
အဲ့ကောင်လေးကလည်းလေ ဒီနေ့မှဘာဖြစ်နေမှန်းကိုမသိဘူး...
မနက်ကလည်း မနက်စာသွားပို့ပေးပါဆိုတာကို မသိဘူးလုပ်နေတာ...""သူဓနနဲ့မလိုက်သွားဘူးလား..."
"သူ? ဘယ်သူလဲ? ပြည့်ဝလား?...
မလိုက်သွားပါဘူး အကိုလေးဓနကတယောက်တည်းပြန်သွားတာ...""ဟုတ်လား..."
အဲ့တာကိုဘာလို့မနေ့ကလိုက်သွားမယ်ပြောတာလဲ?...