"ပြည့် အဲ့လိုကြီးမနေပါနဲ့ကွာ..."သူ့နဲ့အတူမနေဘဲ အရင်ကနေခဲ့သည့်အခန်းမှာသာ ပြန်နေသည့်ပြည့်ဝကို ကုဋေခေါ်နေပေမယ့် ဘယ်လိုမှမရ။
"ကျွန်တော့်ကိုတစ်ယောက်တည်းနေခွင့်ပြုပါ အကိုလေး..."
"ပြည့်ကိုသူတို့ဘာမှမလုပ်ခဲ့ပါဘူး ကိုယ်ဒီကိစ္စကိုအမြန်ဖြေရှင်းမှာပါ ကိုယ်နဲ့အတူပြန်လိုက်ခဲ့ပါနော်..."
"ဟင့်အင်း ကျွန်တော့်ကိုယ်ကမသန့်တော့ဘူးအကိုလေး....
ကျွန်တော့်ကိုရွာပြန်ပို့ပေးပါ....""မင်းကိုယ့်ကိုလည်းထည့်တွက်ပေးပါဦး...
ကိုယ်မင်းကိုချစ်တာဘာအရောင်မှမပါဘူး ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး...
ဘာမဟုတ်တဲ့ကိစ္စကိုမင်းရှောင်ပြေးမှာကိုယ်မလိုလားဘူး...""အကိုလေးဘယ်လိုပြောပြော ကျွန်တော့်ကိုယ်ကအရင်လိုမဟုတ်တော့ဘူး ဟင့်...
ကျွန်တော့်ကိုယ်ကျွန်တော်သတ်ပြစ်လိုက်ချင်တယ်...""ဘာလို့အဲ့လိုပြောရတာလဲ? ပြည့်ရာ...
ကိုယ့်ကိုမသနားတော့ဘူးလား..."ဒူးပိုက်ကာငိုနေသူအနားသွားလို့ကုဋေဖက်ထားလိုက်သည်။ ရုန်းပေမယ့် ကုဋေအတင်းဖက်ပြစ်လိုက်တော့ ငြိမ်သွားသည်။ သိမ့်သိမ့်ရှိုက်ငိုနေသူလေးအား သူသနားလွန်းလို့နှစ်သိမ့်ပေးစရာစကားတောင်ရှာမရပေ။ ဒီကိစ္စကိုသိတာသူနဲ့ဓနပဲရှိသည်။ ဓနကိုဘယ်သူမှပြန်မပြောဖို့မှာထားရသည်။
ဦးထွန်းမောင်ကဒီတိုင်းလုပ်ကြံရုံသာ။ အစစ်အမှန်ယုတ်မာသွားတာမဟုတ်။ ကိုယ်ပေါ်မှာမြင်နေရတဲ့အမှတ်တွေကလည်း သပ်သပ်ဖန်တီးထားတာတွေသာ။ ပြည့်ဝကတော့အမှန်တကယ်ထင်ပြီး ဝမ်းနည်းနေသည်။
ပြောထားသည့်ငွေကိုသူပေးလိုက်ပြီး အမှန်တရားကိုပြောခိုင်းရသည်။ မဟုတ်ရင်ပြည့်ဝတသက်တာအမဲစက်ြ်ကြီးထင်ပြီးနေသွားရမှာ...
"ကိုယ့်ကိုချစ်ရင် အဲ့လိုတွေမတွေးပါနဲ့နော်...
ကိုယ်မင်းကိုကာကွယ်ပေးနိုင်မယ်ထင်ခဲ့တာ ကိုယ့်အမှားပါပြည့်ရာ ကိုယ့်အမှားပါ ကိုယ်သာမင်းအနားမှာတချိန်လုံးရှိနေပေးရင်ဒီလိုဖြစ်မှာမဟုတ်ဘူး..."