ပြည့်ဝတကိုယ်လုံးချွေးတွေပြန်လာကာ အင်္ကျီစကိုပင်လိမ်ချေနေမိသည်။ အားလုံးကဝိုင်းကြည့်တာကြောင့် သူပိုပြီးကြောက်နေတာဆိုပိုမှန်မည်။ သူ့ဘက်ကဘယ်သူမှရှိမနေဘူးလို့လည်းခံစားနေရသည်။
"ပြည့်ဝ သူတို့ပြောတာတကယ်ပဲလား...
မင်းဘာကြောင့်တအိမ်တည်းအတူနေတဲ့သူကိုဘာလို့ဒီလိုလုပ်ရတာလဲ?...""ကျွန်တော့်မှာအဲ့လိုစိတ်မျိုးလုံးဝမရှိပါဘူး ဦး...
ကျွန်တော်ကျိန်ဆိုရဲပါတယ်...""ဒါဆိုငါကလိမ်ပြောနေတယ်ပေါ့..."
"မဥမ္မာပဲကျွန်တော်အခန်းထဲဝင်လာတာလေ..."
"နင့်အကြံကိုမသိလို့ပေါ့ဟယ် ဟင့်..."
မဥမ္မာကငိုသလိုရှိုက်သံနဲ့ပြောတာကြောင့် အားလုံးကပြည့်ဝကိုသာပြစ်တင်ပြောဆိုကြလိမ့်မည်။ ပြည့်ဝဒီနေရာမှာတင်အငွေ့ပြန်သွားလိုက်ချင်သည်။
"ဖြစ်တာကလည်းဖြစ်ပြီးပြီဆိုတော့ ဥမ္မာကရောဘာဖြစ်စေချင်လဲ?.."
"ကျွန်မမပြောတတ်တော့ပါဘူး ဦးရယ်..."
"ဒါဆိုပြည့်ဝနဲ့လက်ထပ်ချင်သလား..."
"ဒါဘယ်ဖြစ်မလဲ?..."
အားလုံးထဲမှ အခုမှထွက်လာသည့် ကုဋေ့ရဲ့အသံ...
ကုဋေချက်ချင်းပင်ကောက်ထလာပြီး ပြည့်ဝဘေးမှာရပ်ကာ ပြည့်ဝလက်ကိုဆုပ်ကိုင်လိုက်သည်။အားလုံးကလည်းကုဋေ့ကိုပဲကြည့်နေကြသည်။
"ဘာဆက်ပြောမလဲဆိုပြီးစောင့်နေတာ...
ပြည့်ဝကဥမ္မာကိုဘာကြောင့်ဒီလိုမျိုးကြံရမှာလဲ?...
ပြည့်ဝကိုကျွန်တော်အပြည့်အဝယုံကြည်တယ်...""ကုဋေ ဒါမင်းဝင်ပါရမယ့်ကိစ္စမဟုတ်ဘူး..."
"ဘာလို့မဟုတ်ရမှာလဲ?ဖေဖေ ပြည့်ဝက ကျွန်တော့်ရဲ့......"
ကျွန်တော့်ရဲ့ချစ်သူလို့ပြောလိုက်ချင်ပေမယ့် ဘေးကကောင်လေးကိုလက်ကိုလှုပ်ကာ မပြောဖို့တားနေသည်။
"ပြည့်ဝက ကျွန်တော်နဲ့အနေများတယ်...
ကျွန်တော်သူ့ကိုယုံကြည်တယ်...""ခံရသူကဥမ္မာလေ...
မင်းနဲ့မဆိုင်ဘူးလို့ဖေဖေထင်တယ်...""ဥမ္မာလိမ်နေတာရောမဖြစ်နိုင်ဘူးလား...
ပြည့်ဝသာကြံချင်ရင်ဥမ္မာ့အခန်းသွားမှာပေါ့ သူ့အခန်းထဲခေါ်ပါ့မလား...
ပြည့်ဝတို့အခန်းကမီးဖိုဆောင်နဲ့ဒီလောက်နီးတာ အော်ရင်အကုန်ကြားနိုင်တယ်ဆိုတာသိလို့ အခန်းထဲမှာကြံနိုင်ပါ့မလား..."