အနောက်ဖက်အိမ်ကြီးရှေ့ မီးရောင်စုံများထွန်းကာ မွေးနေ့ပွဲအတွက်ပြင်ဆင်ထားသည်။ မနက်ဖြစ်ထားတဲ့ကိစ္စကြောင့်ပြည့်ဝမသွားချင်ပေမယ် ဖိုးချမ်းကအတင်းခေါ်လို့သာ သူလိုက်လာခြင်းဖြစ်သည်။
စရောက်ကတည်း သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့ အကိုလေးကိုသူတွေ့သည်။ သူငယ်ချင်းတွေနဲ့ကျရေလိုက်ငါးလိုက်နဲ့ ပြုံးဖြီးနေလိုက်တာ..
"ကိုပြည့် ထည့်လေ..."
"အင်းအင်း..."
ပြည့်ဝခေါင်းသာညိတ်ပြနေပေမယ့် အရှေ့ကစားစရာတွေကိုလည်း သူ့မှာအာရုံမထားနိုင်။ စားချင်စိတ်လည်းမရှိ။
"ကိုပြည့် လာ ဟိုစားပွဲမှာသွားထိုင်မယ်..."
ဖိုးချမ်းကလက်ကိုဆွဲကာခေါ်တာကြောင့် ပြည့်ဝတို့ မဥမ္မာတို့ထိုင်နေသည့်ဝိုင်းမှာသွားထိုင်လိုက်သည်။
"ကိုပြည့်ဘာဖြစ်နေတာလဲ? မျက်နှာကြီးကလည်းမကြည်မသာနဲ့..."
"ဘာမှမဖြစ်ပါဘူး...
ငါတို့စားပြီးရင်အခန်းပြန်ရအောင်ကွာအောင်နော်...""ဟုတ် ပြန်မယ်လေ...
ခဏလေးတော့ထိုင်ဦးမှာပေါ့...
အကိုလေးကုဋေကသူငယ်ချင်းတွေက အကုန်သူဋ္ဌေးတွေချည်းပဲနော်..."ဖိုးချမ်းအပြောကြောင့် သူငယ်ချင်းတွေနဲ့ရပ်ပြီးစကားပြောနေတဲ့အကိုလေးဆီထပ်ပြီးအကြည့်ရောက်သွားပြန်သည်။ အကိုလေးရဲ့သူငယ်ချင်းတွေက အကိုလေးကိုမွေးနေ့လက်ဆောင်အဖြစ် တန်ဖိုးကြီးပစ္စည်းတွေကိုကမ်းပေးနေတာတော့ ပြည့်ဝမြင်သည်။
အင်းပေါ့ အဲ့တာတွေကြောင့်လည်း အကိုလေးက သူပေးတဲ့ပစ္စည်းကိုလက်မခံတာပေါ့...
အားလုံးနဲ့ယှဉ်ရင် သူပေးတဲ့ပစ္စည်းက အသေးအမွှားသာသာပါပဲ...ပြည့်ဝကြည့်နေရင်း အကိုလေးကလည်း သူငယ်ချင်းတွေနဲ့စကားပြောနေရာကနေမျက်နှာလွှဲလိုက်တော့ သူနဲ့အကြည့်ဆုံသွားလေသည်။ ပြည့်ဝအမြန်အကြည့်လွှဲလိုက်ပြီး ဖိုးချမ်းနဲ့စကားပြောနေလိုက်သည်။
"မင်းတို့ကဒီမှာပဲ...
လိုက်ရှာလိုက်ရတာ...""အကိုလေးဓန..."