"ပြည့်ဝ အကိုလေးကုဋေဆီနေ့လယ်စာမပို့ဘူးလား...
မနက်ကလည်းမနက်စာသွားမပို့ဘူးနော်...""မပို့ပါဘူး ပို့ချင်မဖြူဘာသာသွားပို့..."
"ဟဲ့ကောင်လေး ဘာဖြစ်ပြန်ပြီလဲ?...
အကိုလေးက ကုဋေခိုင်းတာလုပ်ဖို့မင်းကိုပြောထားတယ်လေ...""ဟုတ်တယ်လေ...
အခုက အကိုလေးကုဋေကမလာခိုင်းလို့ကျွန်တော်မသွားတာ..."မျက်နှာကြီးကိုစူပုတ်ပြီးပြောနေတဲ့ပြည့်ဝကို အားလုံးကခေါင်းတခါခါနဲ့သာကြည့်နေသည်။ အရင်နေ့တွေကတော့ သူပဲတက်ကြွနေပြီးတော့ အခုတော့ဘာဖြစ်မှန်းကိုမသိဘူး...
ပြောရင်းဆိုရင်းနဲ့ပဲ ဦးနဲ့အန်တီတို့ ထမင်းစားခန်းထဲဝင်လာကြသည်။ ကြီးစောနဲ့မဖြူကပြင်ဆင်ပေးနေတာမို့ သူကဘေးကရပ်ကြည့်နေရုံသာ...
မကြာဘူး ထမင်းစားခန်းထဲသို့ဝင်လာသည့်လူတစ်ယောက်...
ပြည့်ဝ ဝင်လာတဲ့ကုဋေ့ကိုမြင်သည်နှင့် မျက်နှာကိုချက်ချင်းလွှဲပြစ်လိုက်သည်။ ကုဋေကလည်း ရှုတည်တည်မျက်နှာပေးနဲ့ ထမင်းစားဝိုင်းမှာဝင်စားသည်။
"ဒီနေ့ပြည့်ဝလာမပို့လို့လား သား..."
"ကျွန်တော်ဒီမှာလာစားချင်လို့လာစားတာလေ...
ဘာဖြစ်လို့လဲ?...""မဖြစ်ပါဘူး အရင်နေ့တွေကမလာတော့ဖေဖေကမေးကြည့်တာပါ..."
ဦးရဲ့အမေးကိုပြန်မဖြေဘဲ ပုံမှန်ရှုတည်တည်မျက်နှာပေးနဲ့ပဲ ထမင်းစားနေသည်။
ပြည့်ဝရပ်ကြည့်နေတုန်းမှာ ဦးရဲ့လက်က ပုဇွန်ထုပ်ဟင်းပန်းကန်ဆီလက်ရောက်နေတာကိုတွေ့ရသည်။ ပုဇွန်ကွေးထုပ်ကိုခပ်ထားတဲ့ဦးရဲ့လက်ကဘယ်ကိုဦးတည်မလဲဆိုပြီး ပြည့်ဝရပ်ကြည့်နေတုန်းမှာပဲ ဦးရဲ့လက်တွေက အကိုလေးကုဋေရဲ့ထမင်းပန်းကန်ဆီသို့...
"ဦး ဦး!..."
"ပြည့်ဝ အလန့်တကြားနဲ့ဘယ်လိုဖြစ်နေတာလဲ?..."
ကြီးစောရဲ့ဆူသံကိုကြားပေမယ့်လည်း ပြည့်ဝ ဦးရဲ့အနားကိုလျှောက်သွားလိုက်သည်။
"ဦး ပုဇွန်ကစားကောင်းမယ့်ပုံနော် ဦးထည့်စားလေ...
အကိုလေးကုဋေကလက်ပါ,ပါတယ် သူ့ဘာသာထည့်စားပါစေ..."