ဒီအိမ်ဘက်ကိုမလာချင်ပါဘူးဆိုမှ ဘယ်လိုရေစက်ဆိုးမှန်းမသိဘူး...
မနက်စာပြင်ထားသည့် လင်ဗန်းကိုကိုင်လို့ အနောက်ဖက်အိမ်တော်ကိုကြည့်ပြီး ပြည့်ဝသက်ပြင်းချနေသည်။မနက်ကလေးတင် ဦးနဲ့အန်တီတို့မနက်စာလာစားတော့ သူ့ကိုပြောသွားသည်။
"ပြည့်ဝ..."
"ဟုတ် ဦး..."
"ပြည့်ဝကအနောက်ဖက်အိမ်ကိုသွားပြီး ကုဋေခိုင်းတာတွေကိုလုပ်ပေးလိုက်ပါ..."
"ဗျာ ကျွန်တော်ကလား..."
"အေး..."
ဦးရဲ့စကားကြောင့် ကြီးစောနဲ့အတူ ဖိုးချမ်းတို့မဖြူတို့ကဖြစ်ပါ့မလားဆိုတဲ့အကြည့်နဲ့ ကြည့်နေကြသည်။ ဘယ်သူမှတော့ဝင်မပြောရဲကြ။
သူနဲ့အကိုလေးကုဋေကဒီလောက်မတည့်တာကို ဘယ်လိုစိတ်မျိုးနဲ့များ အကိုလေးကုဋေဆီမှာအလုပ်လုပ်ဖို့သူ့ကိုခိုင်းရက်ရတာလဲ?...ပြည့်ဝလင်ဗန်းကိုကိုင်လို့အိမ်ထဲဝင်လာခဲ့သည်။ ကြီးစောပြောလိုက်တော့ ထမင်းစားခန်းထဲအရင်သွားပြီး အကိုလေးအတွက် မနက်စာပြင်ပေးရမယ်တဲ့။ ပြီးရင် အကိုလေးဆင်းလာတဲ့အထိ သူစောင့်နေပေးရမယ်။ အကိုလေးစားလို့ပြီးမှ ပန်းကန်တွေပြန်ယူလာခဲ့ရမယ်တဲ့။
ကြီးစောမှာတဲ့အတိုင်းပြင်ပြီး သူရပ်စောင့်နေလိုက်သည်။ မနက်စာပြင်ပေးရတာက သူ့အတွက်အခက်အခဲမရှိ။ ဘာလို့ဆိုအရင်ကလည်း ဘုန်းဘုန်းအတွက် အာရုဏ်းဆွမ်း၊နေ့ဆွမ်း သူကိုယ်တိုင်ပဲပြင်ပေးခဲ့ရတာလေ....
အကိုလေးကိုစောင့်ရင် သူ့ဗိုက်ထဲကအကောင်တွေကလည်းဆာလွန်းလို့ အော်မြည်နေကြသည်။
သူရပ်ကြည့်နေတုန်းမှာပဲ ထမင်းစားခန်းထဲဝင်လာသည့်အကိုလေးကုဋေ....
ဆံပင်တွေကလည်းရေလက်စနဲ့ ကြည့်ရတာ ရေချိုးပြီးဆင်းလာသည့်ပုံ...
"ရေတစ်ခွက်ယူပေး..."
ကော်ဖီပြင်ပေးထားတော့ ရေတဲ့...
ပြည့်ဝရေတစ်ခွက်သွားယူပြီး ဘေးနားချပေးလိုက်သည်။
"မင်းကိုမင်းရဲ့သူဋ္ဌေးဘာမှာသွားလဲ?..."