"မောနီး ပြည့်..."
ခါးကနေတိုးဝင်ဖက်လာသည့် အကိုလေးရဲ့လက်တွေကြောင့်ပြည့်ဝကိုယ်လေးတုန်သွားသည်။ မနေ့ကအကြောင်းများအားပြန်တွေးမိတော့ ပြည့်ဝနှုတ်ခမ်းလေးတွန့်ကွေးသွားသည်။ မနေ့ကလေးတင်သူတို့၂ယောက်ပူပူနွေးနွေးချစ်သူဖြစ်ထားကြသည်မဟုတ်လား။
"အစောကြီးနိုးနေတာလား..."
"အင်း မင်းကိုအစောကြီးတွေ့ချင်နေလို့..."
"အပိုတွေက ထိုင်တော့...
ကျွန်တော်ပြင်ထားပြီးပြီ...""တခါတည်းဝင်စားလေ..."
"မစားချင်သေးဘူး..."
တကယ်တော့ ပြည့်ဝအကိုလေးနဲ့မျက်နှာချင်းဆိုင်အတူထမင်းစားရမှာကိုရှက်နေတာကြောင့်ဖြစ်သည်။
"ဘာကိုမစားချင်သေးတာလဲ? တခါတည်းအခုဝင်ထိုင်လိုက်..."
အမိန့်သံပါသွားတာကြောင့် ပြည့်ဝမထိုင်သေးဘဲ ကုဋေ့ကိုပဲကြည့်နေသည်။
"အဟမ်း.....
တခါတည်းဝင်စားနော် ငါတယောက်တည်းစားရမှာပျင်းလို့...""အင်း..."
"ဒီမှာထိုင်..."
ကုဋေကဘေးကခုံမှာထိုင်ခိုင်းတာကြောင့် ပြည့်ဝဝင်ထိုင်လိုက်ရသည်။
"ခဏနေhotelသွားရမယ်..."
"ဟုတ်လား..."
"ဘာလို့ဝမ်းသာနေတဲ့မျက်လုံးတွေအဖြစ်ချက်ချင်းပြောင်းလဲသွားတာလဲ?...
ငါအပြင်သွားမှာသိပ်ပျော်နေသလား...""အဲ့လိုမဟုတ်ပါဘူး...
အကိုလေးhotelမသွားတာကြာတော့ အလုပ်လစ်ဟင်းမှာစိုးလို့ပါ...""အဲ့အတွက် မင်းစိတ်ပူစရာမလိုဘူး...
မင်းစိတ်ပူရမှာငါ့တစ်ယောက်တည်းကိုပဲ...""ဘာကိုလဲ?..."
"ဘာကိုရမှာလဲ?...
ငါအပြင်မှာဘယ်သူနဲ့တွေ့တယ် ဘယ်မိန်းကလေးနဲ့ ဘယ်ယောက်ျားလေးနဲ့စကားပြောတယ် အဲ့တာတွေကိုစိတ်ပူရမှာ...
ငါ့ကိုမြှူစွယ်လို့ငါပါသွားရင်မင်းဘာလုပ်မလဲ?...""လိုက်သွားပေါ့..."
"ဘာ!!..."
ပြည့်ဝသဝန်တိုမလားဆိုပြီးကုဋေပြောလိုက်ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်သွားသည်။ ဘာလို့ ပြည့်ဝမျက်လုံးတွေထဲမှာ သဝန်တိုခြင်းအရိပ်အယောင်မရှိတာလဲ?...