Part-18(Uni)

7.7K 545 17
                                    

"မြတ် ဒါကိုယ်ပြောတဲ့ပြည့်ဝလေ...
ပြည့်ဝ ဒါကိုယ့်ချစ်သူလေ..."

"အာ ဟုတ် တွေ့ရတာဝမ်းသာပါတယ်..."

"ကျွန်တော်ကလည်းတွေ့ရတာဝမ်းသာပါတယ်..."

ဈာန့်ကောင်လေးကလက်ကမ်းပေးတာမို့ ပြည့်ဝလည်းလက်ပြန်ကမ်းပေးလိုက်သည်။ ဈာန်ကောင်လေးကချစ်စရာလေးမို့ ပြည့်ဝငေးနေမိတာတော့အမှန်ပင်။ အသားလေးကဖြူစွတ်နေကာ ရဲတောင်ရဲနေသည်။

"ပြည့်ဝ ဘာမှာမလဲ?..."

"ရတယ် ကျွန်တော်ကဘာဖြစ်ဖြစ်အကုန်အဆင်ပြေတယ်..."

"အဟင်း....
ပြည့်ဝက မောင်ပြောထားသလို ဖြူစင်တာပဲ..."

"ဗျာ..."

"ကိုယ်ကပြည့်ဝအကြောင်းမြတ်ကိုပြောပြထားတာလေ..."

"အာ...."

ပြည့်ဝခေါင်းကိုကုတ်ပြီး အရှေ့ကရေခွက်ကိုသာမော့သောက်နေသည်။

"မောင် သွားမှာလိုက်ဦးမယ်...
မြတ်တို့စကားပြောကြဦး..."

"အင်း..."

ပြောပြီး ဈာန်ကဝိုင်းကထသွားလေသည်။ ဈာန်ထသွားမှမြတ်ကစကားစလာသည်။

"ဈာန် ပြည့်ဝကိုနမ်းသေးတယ်ဆို.."

"ဟင် အာ အဲ့တာပါမြတ်ကိုပြောပြထားတာလား..."

"ကျွန်တော်သူ့ကိုချစ်သူအဖြစ်လက်ခံလိုက်ကတည်းက သူ့အကြောင်းကိုယ့်အကြောင်းအားလုံးပွင့်ပွင့်ရှိစေချင်တယ်လို့ပြောပြီးလက်ခံလိုက်တာ....
မောင်ကျွန်တော့်ကိုအကုန်ပြောပြထားတယ်..."

"ဒါဆို မြတ်ကကံကောင်းတာပေါ့...
အကိုလေးကုဋေကပြောပြဖူးတယ် ဈာန်ကအရမ်းရှုပ်တယ်..."

"အင်း ရှုပ်တယ် အရမ်းပဲ...
အခုတော့ငြိမ်သွားပြီထင်တာပဲ....
ကျွန်တော့်ကိုလည်းပြည့်ဝလိုပဲအတင်းဆွဲနမ်းတာ..."

"ဟုတ်လား မြတ်ကမထိုးပြစ်ဘူးလား..."

"ထိုးတာပေါ့ ထိုးရုံဘယ်ကမလဲ? ပန်းအိုနဲ့ကောက်ရိုက်လိုက်တာသူ့ခေါင်းကွဲသွားတယ်လေ...
အဲ့မှာတင် လက်လွန်ခြေလွန်တွေဖြစ် သနားစိတ်တွေပိုရာက အခုလိုတွဲဖြစ်သွားတာ..."

Boss and Me (Complete)Where stories live. Discover now