"ကုဋေဒီရက်ထဲအိမ်မှာပဲတွေ့တွေ့နေရတယ်နော်...""ဘာဖြစ်လို့လဲ?...
ကျွန်တော်အိမ်မှာနေတာကိုသဘောမကျလို့လား...
အခြားလူတွေလည်းခဏခဏလာနေတာပဲဟာ...."ထမင်းကိုသာအစားမပျက်ပြောနေပေမယ့် ကုဋေ့စကားက ဒေါ်မေနှင်းဘေးမှာထိုင်နေတဲ့ ဓနကိုရည်ညွှန်းတယ်ဆိုတာ တိုက်ရိုက်မပြောလည်းအားလုံးသိကြသည်။ ဓနသူ့ကိုပြောမှန်းသိတာကြောင့် တချက်သာမော့ကြည့်ပြီး စားလက်စကိုဆက်စားနေသည်။
"Hotelရောအဆင်ပြေတယ်မဟုတ်လား..."
"ကျွန်တော့်အတွက်စိတ်မပူပါနဲ့...
ဖေဖေသာ ဖေဖေ့ညီနဲ့တစုံတယောက်ကိုပဲစိတ်ပူပေးရမှာ...""မောင်ထွန်းကအခုလောင်းကစားတွေမလုပ်တော့ပါဘူး..."
"ဒါဆိုလိမ္မာသွားတဲ့ညီလေးအတွက် ဖေဖေပိုင်တဲ့ပစ္စည်းတွေအကုန်လွှဲပေးလိုက်ပါလား..."
ကုဋေတမင်အရွဲ့တိုက်ပြောနေခြင်း။ သူ့စကားကို ဓနကထမင်းစားနေရာကနေရယ်နေသည်။ ဖေဖေကရှေ့ရောက်ရင် ညီကိုအရေးမထားသလိုထင်ရပေမယ့် လေးလေးထွန်းအတွက် အမျာျးြားကြီးကိုစဉ်းစားပေးသည်။ လေးလေးထွန်းကိုကအရမ်းကိုလိုချင်စိတ်များသည်။ လောင်းကစားလည်းအရမ်းကြိုက်သည်။
"နှင်း အဝတ်အစားတွေပြင်ပြီးပြီလား..."
"ဖေဖေတို့ကဘယ်သွားကြမလို့လဲ?..."
"ဘုန်းဘုန်းကျောင်းလေ...
ပြည့်ဝ ဘုန်းဘုန်းကိုဘာမှာဦးမလို့လဲ?...""ဦးတို့ကဒီနေ့သွားမှာလား...
ဒီလိုမှန်းသိ ကျွန်တော်ဘုန်းဘုန်းကြိုက်တဲ့အသီးတွေဝယ်ထားပါတယ်...""ဦးတို့လည်းဝယ်သွားမှာပါ...
ပြည့်ဝရောလိုက်ခဲ့ချင်လား...""ဗျာ လိုက်လို့ရလား..."
ဒီအိမ်ရောက်တာ ၁လကျော်ပြီဆိုတော့ သူရွာကိုလွမ်းတာပေါ့...
ဘုန်းဘုန်းနဲ့လည်းဖုန်းနဲ့အဆက်အသွယ်ရှိတယ်ဆိုပေမယ့် ဘုန်းဘုန်းကျန်းကျန်းမာမာရှိလားဆိုတာလည်းသိချင်သေးသည်။ပြည့်ဝလိုက်ချင်လို့အသနားခံမျက်ဝန်းလေးနဲ့ကြည့်နေပေမယ့် ဦးရဲ့ဘေးကအကြည့်စူးစူးကြောင့် ပြည့်ဝလန့်သွားသည်။