"အကိုလေးကုဋေမရှိတာ နည်းနည်းငြိမ်သက်နေသလိုပဲနော်...""နားအေးတာပါအေ..."
"နင်လည်းတနေ့တနေ့လက်ညှောင်းအောင်မလျှော်ရတော့ဘူးပေါ့..."
"အေးပေါ့ ဇီဇာကလည်းကြောင်သလားမမေးနဲ့...
အဲ့တာကြောင့် သူ့ကိုဘယ်သူမှကြည့်မရတာ..."အဝတ်စကိုကိုင်ထားတဲ့ပြည့်ဝရဲ့လက်တွေတင်းကြပ်လာသည်။
အကိုလေးကုဋေမရှိတုန်းအတင်းတွေပြောနေကြတာ...
ရှိရင်မော်လို့တောင်မကြည့်ရဲဘဲနဲ့...ဥမ္မာဆိုတာလည်းအကိုလေးရှေ့ရောက်ရင်တော့ အကိုလေးအကိုလေးနဲ့ ပါးစပ်ဖျားကကိုမချဘူး...
ကွယ်ရာကျတော့ အတင်းတုပ်နေတယ်..."ငါလည်း ဒီမှာမလုပ်ချင်တော့ဘူးသိလား.."
"ဘာဖြစ်လို့လဲ? ဥမ္မာ..."
"အကိုလေးကုဋေဆီသွားရင် အကိုလေးကုဋေကငါ့ကိုဟိုကြည့်ဒီကြည့်နဲ့ နင်သိတယ်မလားသူ့အကြောင်းကို.."
"ဟယ် ဟုတ်လား....
သူကအခုချိန်ထိအကျင့်မပျောက်သေးဘူးကို..
မုန်းစရာကြီးပါဟာ နင်လည်းသွားတာလာဂရုစိုက်ဦး...""အေးပါ အေးပါ..."
"ဘုန်း!..."
ဘေးကနေဘုန်းခနဲဆိုတာကြောင့် ဥမ္မာနဲ့အတင်းတုပ်နေတဲ့အမျိုးသမီးတို့လှည့်ကြည့်လာသည်။ ဆေးပြီးသားပန်းကန်တွေကိုသုတ်နေတဲ့အဝတ်စကိုပြည့်ဝပစ်ပေါက်လိုက်ခြင်းဖြစ်သည်။
"ဒီမှာ အမတို့ကိုယ့်အလုပ်ရှင်အကြောင်းအတင်းတုပ်နေတာ ကြားသွားမှာမစိုးဘူးလား..."
"နင့်လင်ကဒီမှာမရှိတာနင်မသိဘူးလား..."
နင့်လင်လို့သုံးလိုက်တာကြောင့် ပြည့်ဝဒေါသစိတ်တွေထောင်းခနဲ...
"အောင်မာ...
အမတို့ကအတင်းလည်းပြောသေးတယ်...
အကြောကြီးနဲ့ပါလား အန်တီတို့ကြားသွားရင်အမတို့ကိုဒီတိုင်းထားမယ်ထင်နေလား...""နင်လင်လားဟဲ့ နင်ကဝင်နာနေရအောင်..."
"ကုဋေဘုန်းပြည့်ကကျွန်တော့်လင်တော့မဟုတ်ဘူး..
အမတို့ကသာ သူ့မယားဖြစ်ချင်လို့ သူ့အတင်းကိုပြောနေတာပေါ့..."