"အကိုလေး အကိုလေး..."
"ဘာလဲ?..."
ကုဋေ အဝတ်ခြင်းကိုကိုင်ပြီး အပေါ်ထပ်ကဆင်းလာတော့ ပြည့်ဝနဲ့ဆုံလေသည်။
"အဲ့တာဘာလုပ်မလို့လဲ?..."
"ဘာလုပ်ရမှာလဲ?...
လျှော်ဖို့ပေါ့ ဥမ္မာတို့ကိုသွားပေးမလို့...""နေ နေဦး..."
သွားဖို့ပြင်နေတဲ့အကိုလေးရဲ့လက်ကို သူအတင်းဆွဲထားလိုက်သည်။
"ဘာဖြစ်လို့လဲ?..."
ဘာဖြစ်လို့လဲဟုတ်လား...
ဘာဖြစ်လို့လဲဆိုတော့ ဥမ္မာကအကိုလေးကိုယုံထင်ကြောင်ထင်လိုက်ထင်ပြီး မဟုတိတန်းလျားတွေလျှောက်ဖွနေလို့ပေါ့...ဘာတဲ့ အကိုလေးကပဲသူ့ကိုလိုက်ကြည့်တ
ယ်ဖြစ်ရဦးမယ်..."ပေး ပေး ကျွန်တော်သွားပို့ပေးမယ်..."
"ရတယ် ငါသွားပေးလိုက်မယ်..."
"ရပါတယ်ဆို ကျွန်တော်သွားပေးလိုက်မယ်..."
ကုဋေကလည်းအဝတ်ခြင်းကိုဆွဲထားသလို ပြည့်ဝကလညိး အဝတ်ခြင်းကိုဆွဲထားသည်။
"ဘယ်လိုဖြစ်နေတာလဲ?..
ဒီနေ့မှဘာလို့သွားပေးချင်နေတာလဲ?...
မင်းဥမ္မာကိုများကြိုက်နေသလား...""ဟမ်! ကျွန်တော်ကဘာလို့ကြိုက်ရမှာလဲ?..."
"ဒါဆိုဘာလို့သွားပေးချင်နေတာလဲ?...
မင်းဘာတွေတွေးနေတာလဲ?..."သူ့ကိုမယုံသင်္ကာဖြင့်ကြည့်နေတဲ့အကိုလေးကိုပြည့်ဝဘာပြောရမှန်းမသိဖြစ်နေသည်။
ဥမ္မာက အကိုလေးသူမကိုကြိုက်နေပါတယ်ဆိုပြီးသပုတ်လေလွင့်လိုက်ပြောနေတယ်ဆိုတာ ပြည့်ဝဘယ်လိုပြောရမလဲ?...
အကိုလေးကများသူ့ကိုလိုက်ကြည့်နေတယ်ဖြစ်ရတယ်...
အကိုလေးကိုပြောတာကိုတော့ သူမခံနိုင်ပေါင်..."အကိုလေးညောင်းမှာစိုးလို့ပါ...
ပေး ကျွန်တော့်ကို...""မပေးဘူး..."
"အကိုလေး ဘယ်လိုဖြစ်နေတာလဲ?...
ကျွန်တော်သွားပေးပေးပါမယ်ဆိုမှ..."ပြည့်ဝ အဝတ်ခြင်းကိုအမြန်ဆွဲလုလိုက်ပြီး အိမ်ထဲကပြေးထွက်လာခဲ့သည်။ အနောက်ကနေအကိုလေးလိုက်လာတာသိပေမယ့် ပြည့်ဝအမြန်ပင်လျှောက်လာခဲ့သည်။