"အွန်း.........
အကိုလေး လွှတ်ပေးပါ...
စောစောထပြီးချက်ပြုတ်ရဦးမှာလေ...""အိပ်ချင်သေးတယ်..."
"အိပ်နေလေ ဘုန်းဘုန်းတွေကိုဆွမ်းလောင်းဖို့အမှီထချက်ရမှာလေ..."
"တစ်နေ့လေးပဲလေကွာ...
ညကအလုပ်တွေများလို့ကိုယ်အိပ်ယာဝင်တာနောက်ကျတယ်လေ အခုအိပ်ချင်နေသေးတာ...
မင်းကိုယ့်ဘေးမှာမရှိရင်အိပ်ပျော်မှာမဟုတ်ဘူး...""အပိုတွေ...
အရင်ကလည်းတစ်ယောက်တည်းအိပ်နေကျတာကို..."ရင်ဘက်ကိုခပ်ဖွဖွထုပြီးပြောတော့ အစ်ကိုကမျက်လုံးမှိတ်ထားရာကပြုံးကာ သူ့ကိုလည်းတင်းနေအောင်ဖက်ထားသည်။
"အိပ်ပေးနော်..."
"အင်း အခုမှထရင်မှီမှာမဟုတ်တော့ဘူး...
ဒီနေ့hotelသွားရဦးမှာလား...""မသွားရဘူး သွားလည်းမသွားချင်ဘူးဒီလိုပဲဖက်ထားချင်တာ..."
"ကျစ် အပိုတွေပြောပြီ..."
ပြည့်ဝကျစ်စုပ်ခြင်းကစိတ်မရှည်လို့မယုံလို့မဟုတ် ကုဋေ့စကားကိုရှက်တာကြောင့် ရှက်ရမ်းရမ်းနေခြင်းသာ။
"ညကျရင် ဓနမွေးနေ့ပါတီသွားရမယ်..."
"အကိုလေးဓနကအိမ်မှာမလုပ်ဘူးလား..."
"တခါမှမလုပ်ဘူး အရင်နှစ်တွေကကိုယ်မသွားခဲ့ဘူး ဒီနှစ်တော့သွားမလားလို့...
ဘယ်လိုပဲဖြစ်ဖြစ်သူနဲ့ကိုယ်ကညီအစ်ကိုတွေပဲမလား...""ဟေ......ဒီနေ့မကြားဖူးတာတွေကြားနေရတယ် ထီထိုးရမယ်..."
"အင်း ထိုးလိုက်...
ပေါက်ရင်ကိုယ့်ကိုတင်တောင်း...""ဟွန်း အကိုလေးကိုနိုင်အောင်မပြောတတ်တော့ဘူး..."
"အဟင်း......"
ကုဋေစိတ်လိုလက်ရရယ်ကာ ပြည့်ဝကိုလည်းတင်းနေအောင်ဖက်ထားသည်။ ပြည့်ဝပြန်အိပ်ပေမယ့် ဘယ်လိုမှအိပ်မပျော်။ အစ်ကိုလေးရဲ့အသက်ရှူသံတိုးတိုးကိုကြားရသည်။
"အကိုလေး..."
"အင်း..."
"အကိုလေး ကျွန်တော့်ကိုဘာကြည့်ပြီးကြိုက်ခဲ့တာလဲ?...
အကိုလေးအနေအထားနဲ့ ကျွန်တော့်ထက်အစစအရာရာသာတဲ့လူတွေဘေးမှာရှိရက်နဲ့ကို..."