"မနက်ဖြန်အကိုလေးကုဋေရဲ့မွေးနေ့ပွဲရှိတယ်..."
"ဟုတ်လား..."
"အကိုလေးကုဋေမွေးနေ့ကိုနှစ်တိုင်းခြံထဲမှာလုပ်တယ်..."
"ငါဘာလို့မသိရတာလဲ?.."
"ကိုပြည့်ကို အကိုလေးကုဋေမပြောဘူးလား....
မေ့နေလို့နေမှာပါ..."မနက်ဖြန်အကိုလေးကုဋေ့မွေးနေ့တဲ့လား...
အကိုလေးနဲ့သူကဒီလောက်ရင်းနှီးတာကိုအကိုလေးကသူ့ကိုဘာလို့မပြောပြတာလဲ?..."ပြည့်ဝ အကိုလေးခေါ်နေတယ်..."
"အေးအေး..."
မောင်အုန်းကအော်သွားတာကြောင့် ဖိုးချမ်းနဲ့စကားပြောနေတာကိုရပ်ပြီး အကိုလေးရှိရာ အနောက်ဖက်အိမ်ဆီထွက်လာခဲ့သည်။ hotelကပြန်ရောက်ရောက်ချင်းဘာခိုင်းဦးမလို့လဲမသိဘူး...
အိမ်ကြီးရှေ့မှာပဲ အကိုလေးကလက်ပိုက်လို့ သူ့ကနုရပ်စောင့်နေသည်။
"အကိုလေး ကျွန်တော့်ကိုခေါ်တယ်ဆို.."
"အင်း မနက်ဖြန်ငါ့မွေးနေ့..."
"သိတယ်..."
"ဘယ်သူပြောတာလဲ?..."
"ဖိုးချမ်းပြောတာပေါ့..."
"သြော်.............
အဲ့တာမနက်ဖြန်ည မွေးနေ့ပွဲရှိတယ်ကြားထားကပြီးသားမဟုတ်လား...""အင်း ကြားထားတယ်...
စားပွဲထိုးလုပ်ရမှာလား...""မဟုတ်ပါဘူး ငါ့အိမ်ကဘယ်အလုပ်သမားကိုမှမနက်ညအတွက်ဘာမှမခိုင်းဘူး..."
"အဲ့တာဆိုဘာလို့ခေါ်တာလဲ?..."
"မင်းကိုအရမ်းလွမ်းနေလို့ခေါ်လိုက်တာ..."
"ဟမ်..."
ကုဋေ့စကားကြောင့် ပြည့်ဝချက်ချင်းပင်ကြောင်အသွားကာ မျက်နှာလေးဟာလည်း ပန်းရောင်အသွင်ပြောင်းသွားလေသည်။ ရင်ဘက်ထဲမှာလည်း အမည်မသိအကောင်မျိုးစုံကလည်းခုန်ပေါက်နေသည်။
ဒီအကိုလေးတစ်ယောက်နဲ့ သူ့ကိုရင်တုန်အောင်များလုပ်နေတာလား...
"လို့များထင်နေတာလားဟမ်...
စောက်ရူး အခန်းထဲလိုက်ခဲ့....
ပေးစရာရှိလို့..."