Part-13(Uni)

7.5K 540 29
                                    


       တမနက်လုံးပြည့်ဝမျက်နှာပြုံးစိစိဖြစ်နေတာကို အားလုံးသတိထားမိသည်။ ဒီမနက်ဘာဖြစ်နေတယ်မသိ ခိုင်းသမျှကိုလည်းမညည်းမညူဘဲ လုပ်ပေးရှာသည်။ ဒီမနက် ပြည့်ဝမရမ်းကိုထူးဆန်းနေတာ...

"ပြည့်ဝ အကိုလေးကုဋေဆီမနက်စာသွားမပို့ဘူးလား..."

"ဒီမနက်ကျွန်တော်သွားမပို့တော့ဘူး...
တယောက်ယောက်ကိုသွားပို့ခိုင်းလိုက်နော်..."

"ဟာ ဟေ့ ပြည့်ဝ..."

ကြီးစောလှမ်းခေါ်တာတောင် ပြည့်ဝတို့လှည့်မကြည့်ဘဲပြေးထွက်သွားလေသည်။ ဒီကောင်လေး ဒီနေ့ဘယ်လိုဖြစ်နေတာလဲ?....

ကုဋေ့ဆီသွားရမှာစိုးလို့ ပြည့်ဝရှောင်ပြေးလာခြင်းဖြစ်သည်။ မနေ့ညက သူဘယ်လိုအခန်းပြန်ရောက်လာလဲဆိုတာတောင်မမှတ်မိတော့။ အကိုလေးရဲ့နှုတ်ခမ်းကအရမ်းကိုနူးညံ့တာပဲ။ အခုချိန်ထိ အနမ်းတွေအား သူမမေ့သေး။ အကိုလေးရဲ့အစိတ်အပိုင်းတစ်ခုစီတိုင်းက သူ့အာရုံမှာကြီးစိုးနေသည်။

"ပြည့်ဝ..."

"အေး ဘာလဲ?..."

ပြည့်ဝနှင်းဆီရုံတွေနားရောက်တော့ နှင်းဆီပန်းခူးနေတဲ့မောင်အုန်းနဲ့ဆုံသည်။

"နှင်းဆီတွေခူးနေတာ အန်တီမဆူဘူးလား.."

"အန်တီ့ကိုပြောပြီးခူးတာပေါ့...
တန်းလျားကဘုရားပန်းအိုးတင်မလို့လေ..."

"သြော် ငါ့ကိုဘာလို့ခေါ်တာလဲ?..."

"မင်းကိုမေးစရာရှိလို့..."

"ငါ့ကို?..."

မေးစရာရှိတယ်ဆိုတာကြောင့် မောင်အုန်းအနားကိုပြည့်ဝတိုးကပ်သွားလိုက်သည်။

"ဘာလဲ?..."

"မင်းအကိုလေးနဲ့အရမ်းရင်းနှီးလား..."

"ဟမ် နည်းနည်းပါ..."

"နည်းနည်းဟုတ်လား အကိုလေးကမင်းကိုခင်ပါတယ်...
ပြန်လာတိုင်းမင်းကိုပဲရှာနေတာ..."

မောင်အုန်းအပြောကြောင့် ပြည့်ဝမျက်နှာတစ်ခုလုံးမှိုရသလိုပြုံးရွှင်နေသည်။ ဘယ်လိုဖြစ်လို့စိတ်ထဲကျေနပ်နေမှန်းကိုမသိတော့ဘူး

Boss and Me (Complete)Where stories live. Discover now