"အ! ဖြေးဖြေးလုပ်ပါအကိုလေးဓနရ.."
"မင်းသူလုပ်တုန်းကကျငြိမ်ခံနေပြီးတော့ အခုမှနာမှန်းသိတယ်လား..."
"ဟီး အရမ်းလည်းမနာပါဘူး..."
စပ်ဖြဲဖြဲလုပ်နေတဲ့ပြည့်ဝကိုကြည့်ပြီး ဓနခေါင်းသာနေသည်။ ဒီလောက်ခွေးလေးကြောင်လေးလို့ ကြိုးတုပ်ခံရထားတောင်မှ သူလေးကရယ်နိုင်သေးသည်။
ရင်ဘက်ကဒဏ်ရာအားဆေးလိမ်းပေးတော့ နာလို့နှုတ်ခမ်းကိုသာကိုက်ထားတာတွေ့ရသည်။
"မင်းပြောတော့ခြေထောက်လေခိုတယ်ဆို အခုအကောင်းပါလား..."
"အဲ့ အဲ့တာက အခုလေခိုတာပျောက်သွားပါပြီ...
ဒီမှာလေ ခါလိုက်တာ သက်သာသွားပြီ..."ခြေထောက်ကိုခါရမ်းပြီးပြောသည့်ပြည့်ဝ...
အစကတည်းကလေမခိုတာသူမသိတာမှတ်လို့...
လူလည်ကောင် ကုဋေ့ကိုထိုးမှာစိုးလို့သူ့ကိုဆွဲခေါ်လာတာ..."မင်းကတော့တတ်လည်းတတ်နိုင်တယ်..."
ဓနပြောတော့ ဘာမှပြန်မပြောဘဲ ရယ်ပြနေသည်။
"ဒီလောက်ဆိုးတဲ့အလုပ်ရှင်ဆီမှာမင်းဘာလို့သည်းခံနေတာလဲ?..."
"လစာယူထားမှာပေါ့ အလုပ်ရှင်ကကောင်းသည်ဆိုးသည်လုပ်ရတော့မှာပေါ့..."
"ဖေဖေ့ကိုပြောကြည့်ပါလား ကုဋေ့ဆီမှာမခိုင်းဖို့..."
"အကိုလေးကုဋေကထင်သလောက်မဆိုးပါဘူး...
စိတ်မမှန်ရုံလေး ဟီး...""အဟင်း........
ကုဋေကြားရင်မင်းကိုသတ်လိမ့်မယ်...""သူမကြားပါဘူး အိမ်ထဲဝင်သွားပြီ...
ကျေးဇူးတင်ပါတယ် အကိုလေးဓန...
ကျွန်တော့်ကိုခုနနေရာကခေါ်လာပေးလို့ရော ဆေးထည့်ပေးလို့ရော...""မလိုပါဘူး ကိုယ်ကအမြင်မတော်လို့ဝင်ပြောပေးရုံပါ...
အထိုးခံလိုက်ရတာတော့ အမြတ်ပေါ့..""တောင်းပန်ပါတယ် ကျွန်တော်ကြောင့်ပါ..."
"မင်းနဲ့မဆိုင်ပါဘူး ကိုယ်နဲ့ကုဋေကြားမှာမင်းတို့မသိသေးတဲ့အကြောင်းအရာတွေရှိတယ်..."
သိခွင့်မရှိမလားဆိုပြီးလည်း ပြည့်ဝထပ်မမေးဖြစ်။ သူများအတွင်းရေးကိုဝင်စွက်ဖက်ရလောက်တဲ့အထိလည်း ပြည့်ဝကလူမှုရေးနားမလည်တဲ့သူမှမဟုတ်တာ...