Intro

5K 138 9
                                    

အစကintroမရေးတော့ဘူးစဉ်းစားထားပေမယ့်
ဖတ်ရင်းနဲ့မင်းတို့စမ်းတဝါးဝါးဖြစ်မှာစိုးတာကြောင့်မိတ်ဆက်ပေးပါဦးမယ်

Bridegroom of the full moon
(လပြည့်ညရဲ့သတို့သား)

ရှောင်းကျန့်က vampire hunterတစ်ယောက်
ဝမ်ရိပေါ်က vampire

သူတို့နှစ်ယောက်ကြားမှာဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းမျိုးပါဘဲ

ဗန်ပိုင်းယားနဲ့လူသားကြားသံယောဇဉ်
အခက်အခဲအကြပ်အတည်းကြားကဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းမျိုးပါဘဲ
စွန့်လွှတ်မှုတွေအနစ်နာခံမှုတွေ
အဲ့တာတွေလည်းပေါ်အောင်ရေးပြဦးမှာဆိုတော့ နည်းနည်း ဝမ်းနည်းရမှာပေါ့

လူတိုင်းကချစ်တတ်ကြပေမယ့်
လူတစ်ချို့ကမချစ်ရဲကြဘူး....ချစ်ရမှာကြောက်လန့်ကြတယ်
သူတို့ကတစ်စုံတစ်ယောက်ကိုမချစ်မိခင်
ငါသူနဲ့ပြတ်သွားရင်ငါသူ့ကိုဆုံးရှုံ့းသွားရင်ဆိုတဲ့အတွေးတွေအရင်ဆုံးဝင်တတ်ကြတယ်
အဲ့အတွေးတွေကြောင့်ဘဲမချစ်ရဲကြဘူး...အချစ်နဲ့ပတ်သက်ရင်မစွန့်စားရဲဘူး

အခုလာမယ့်ficလေးကအဲ့လိုလေးပါဘဲ

တစ်စုံတစ်ယောက်ကတော့အချစ်အတွက်ဆိုစွန့်စားရဲပေမယ့်တစ်စုံတစ်ယောက်ကတော့အချစ်ဆိုတဲ့အရာကိုတွေးပြီးတော့ကိုတစိမ့်စိမ့်ကြောက်လာတတ်တာမျိုး

လူတစ်ယောက်ကိုအရင်ဆုံးချစ်မိသွားပြီ
သူ့ကြောင့်ပဲမင်းကနာကျင်တတ်တယ်....ပျော်ရွှင်ရယ်မောတတ်လာတယ်ဆို
သေချာပါတယ် မင်းသူ့ကိုနစ်နစ်နဲနဲကိုချစ်နေမိတာ

အထီးကျန်နေတဲ့ပန်းတစ်ပွင့်အဖို့ဥယျာဉ်မှူးလောက်ကောင်းတဲ့အဖော်မွန်ရှိပါဦးမလား

တစ်စုံတစ်ယောက်ကအထီးကျန်နေတဲ့အချိန်
တစ်စုံတစ်ယောက်ကရည်ရွယ်ချက်တစ်ခုကြောင့်အနားကိုချဉ်းကပ်လာမယ်
တစ်စုံတစ်ယောက်ကရည်ရွယ်ချက်ကိုသိပေမယ့်ဘာမှပြောနေမှာတော့မဟုတ်ဘူး ဘာလို့ဆိုသူ့ရဲ့အတုအယောင်လားအစစ်အမှန်လားမသဲကွဲတဲ့နွေးထွေးမှုတွေကြားတစ်စုံတစ်ယောက်ကနက်ရှိုင်းစွာနစ်ဝင်နေမိပြီလေ
သူ့ကိုလိမ်ညာမှန်းသိနေတာတောင်တစ်စုံတစ်ယောက်ကအနစ်နာခံချစ်နေတုန်း

𝘽𝙧𝙞𝙙𝙚𝙜𝙧𝙤𝙤𝙢 𝑜𝑓 𝑡ℎ𝑒 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧Where stories live. Discover now