Pt.1

6.5K 399 12
                                    

တိတ်ဆိတ်လှသော ညအချိန်တွင် မီးရောင်မှိန်မှိန်ထွန်းကာ ဂျောင်ကု အလုပ်စားပွဲတွင် ထိုင်ကာ အလုပ်များအပြီးသတ်နေမိသည်

ထိုအချိန် စားပွဲခုံပေါ်တွင် တင်ထားသော ဖုန်းလေးသည် တိတ်ဆိတ်မှုအား ဖြိုခွင်း၍ မြည်ဟီးလာခဲ့သည်

"ဟယ်လို"

တစ်ဖက်မှ ပြောကြားလာသော သူ့အတွင်းရေးမှူး၏ စကားသံများသည် သူ့နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်

နှလုံးခုန်နှုန်းတွေမြန်ဆန်လာသည်
အသက်ရှူ မဝဖြစ်လာသည်
ဖုန်းကိုင်ထားသော လက်‌သွယ်သွယ်တွေသည် တင်းခနဲ

ဒါတောင် သူဒီလူသားကို နာကျည်းနေတာပါ
မုန်းနေမိတာ
မုန်းနေတာတောင် ဒီလိုဖြစ်အောင် လုပ်နိုင်တုန်း ..

"သေချာလား အဲ့ဒေသမှာဆိုတာ "

"ဟုတ်တယ် သခင်လေး
ကျွန်တော် အတိအကျ သတင်းရတာပါ
Emailကနေ ပုံတွေပို့ထားပါတယ်
သေချာလား သခင်လေးကိုယ်တိုင်စစ်ဆေးကြည့်ပါ "

အတွင်းရေးမှူးစကားအဆုံး လက်‌တွေသည် computerဆီသို့ အလျင်အမြန်ရွှေ့လျားကာ ကြည့်မိတော့ မတွေ့ရတာကြာပြီ ဖြစ်သော ပုံရိပ်ငယ်

သူရီမောနေခဲ့သည်
ကလေးတွေနဲ့ လွတ်လွတ်လပ်လပ်ကို ရီမောနေခဲ့တာ ..
ကျွန်တော့ကိုတော့ အရူးတစ်ပိုင်းဖြစ်အောင် တွန်းလွှတ်ခဲ့ပြီး ဆရာကျ ရီနေလိုက်တာ

တရားလားး
ကျွန်တော် ပြန်လာသိမ်းတာ
ဆရာ့ကို အပိုင်လာသိမ်းတာ ဒီတစ်ခါ ဘယ်လောက်တွန်းလွှတ်လွှတ် ချုပ်ပြီး ခေါ်ထားတော့မှာ
ကျွန်တော်က ဆရာ့လို စကားမတည်တဲ့လူမဟုတ်ဘူး
ကျွန်တော်ပြောခဲ့တဲ့ စကားအတိုင်း အတိအကျလုပ်မှာ

ကျွန်တော် ပြန်လာခဲ့ ပြီ ဆရာ

"ဟုတ်တယ် သူဘဲ
အဲ့မျက်နှာ လှလှလေးကို ငါသိပ်မှတ်မိတာပေါ့ "

"သခင်လေး ဘယ်လိုလုပ်ချင်လဲ
ကျွန်တော်တို့ ဆက်စောင့်ကြည့်ထားလိုက်ရမလား "

"မလိုဘူး ညတွင်းချင်း လေယာဉ်လက်မှတ်စီစဉ်လိုက်ပါ
ငါ မနက်ဖြန်လိုက်သွားမယ် "

MapleWhere stories live. Discover now