Pt .15

3K 266 50
                                    

ရာသီတွေဘဲ ပြောင်းလဲသွားတာ...

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ဘဲ ကုန်ဆုံးသွားတာ...

အချိန်တွေ တစ်စက္ကန့်ပြီး တစ်စက္ကန့်ရွေ့လျားသွားခဲ့တာ....

ဂျောင်ပေါ်ထားတဲ့ သူ့အချစ်တွေ မပြောင်းလဲပါဘူး
တစ်ခါမှလဲ မမေ့ခဲ့သလို မေ့ပစ်ဖို့လဲ သူမကြိုးစားခဲ့...
အကြောင်းအမျိုးမျိုးကြောင့် ကြောက်ရွံ့ကာ တွန်းထုတ်မိတာ
အနာဂါတ်လေး ကိုယ့်ကြောင့်မှေးမှိန်သွားမစိုးလို့ ထွက်သွားခိုင်းခဲ့တာ
ထိုကလေးကတော့ တကယ်ထွက်သွားကာ အောင်မြင်တာတောင် လာမရှာခဲ့

သူမျှော်နေမိပါတယ်
ပြန်လာခဲ့မှာ ခင်ဗျားဆီကို ချစ်ချင်းတွေနဲ့တော့မဟုတ်ဘူး မုန်းချင်းတွေနဲ့ဆိုပြီး ပြောသွားခဲ့သော ကလေးလေးရေ ကိုယ်မင်းရဲ့ အမုန်းတွေကို လက်ခံဖို့ အဆင်သင့်စောင့်နေပါတယ်

ကျွန်တော် ကိုကိုနဲ့ညတိုင်းဖုန်းတွေပြောဖြစ်ပါတယ်
ကတိအတိုင်း တစ်နှစ်တစ်ခါလည်းရောက်အောင်ပြန်ခဲ့တယ်
ဒါပေမယ့် အမိမြေကို ပြန်ကာအခြေချနေသော မျက်မှန်လေးအား မတွေ့ခဲ့သလို သတင်းလေးတောင်မကြားခဲ့ပါ

တကယ်ဘဲ မုန်းသွားပြီလားဟု ကိုယ့်ကိုကို ပြန်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော် တွန်းလွှတ်ခဲ့သော ရင်ဘတ်ကျယ်ကြီးသည် အလဲလဲအပြိုပြိုဘဲမဟုတ်လား
ဘယ်သူက မမုန်းဘဲနေပါ့မလဲ
ဘယ်သူက မနာကျည်းဘဲနေပါ့မလဲ

ကျွန်တော်သည် နမ်ဂျွန်းHygနဲ့ လိုက်လံကာ ခေါင်သောအရပ်ဒေသရှိ ကလေးငယ်များ၏ ပညာရေးအား ပါရမီဖြည့်ပေးသော ပရဟိတဆရာလေးအဖြစ် အေးချမ်းစွာရပ်တည်ခဲ့သည်
ခုထိလည်း ရပ်တည်နေတုန်း
ဘယ်လောက်ဘဲ ဂျောင့်ကို လွမ်းလို ပူလောင်နေနေ ထိုအပစ်ကင်းစင်သော ကလေးလေးတွေအား စာသင်နေလျှင် ဂျောင့်ကိုခဏတာ မေ့ထားနိုင်သည်

ဒီလိုနဲ့ဘဲ အလွမ်းနေ့ရက်တွေကို ဖြတ်သန်းခဲ့တာ
တစ်ခါတစ်လေ မိဘလုပ်ငန်းတွေကို ဦးစီးနေတယ်ဟု Hygစီက မသိမသာ ပြောပြသော ကောင်ငယ်လေးသတင်းအားကြားလျှင် သူ ကျေနပ်စွာပြုံးရယ်မိသေးတာ
သူ့ရွေးချယ်မှုက သူ့အတွက်ဘဲ ခက်ခဲခဲ့တာ
ကျွန်တော့ကလေးလေးအတွက်တော့ အောင်မြင်မှုတွေက ကောင်းကင်ပေါ်ဆီသို့

MapleWhere stories live. Discover now