Pt.28

3.1K 252 25
                                    

ဆရာ့အချစ်တွေ စစ်မှန်ခဲ့တယ် ...

ဂျောင့်အချစ်တွေ များပြားခဲ့တယ် ...

ကိုကိုဟာ ညီကိုအချစ်လွန်ကာ ဗီလိန်မပီသတဲ့ ဗီလိန်လေးဖြစ်ခဲ့တယ် ...

နမ်ဂျွန်းHygဟာ ဖြူစင်တဲ့ခင်မင်မှုတွေ့နဲ့ အချစ်တွေ ပေးအပ်ခဲ့တယ် ...

ဒေါက်တာလေးဟာ မတရားတဲ့ ကံတရားကြောင့် ဖြစ်ပေါ်လာတဲ့နာကျင်မှုတွေကို သနားသောသူဖြစ်ခဲ့တယ် ....

ထယ်ယောင်းဟာ သူငယ်ချင်းလေးအပေါ်စည်းဖောက်ကာ အချစ်တွေ ရေစီးကမ်းပြိုလိုက်ခဲ့တယ်.....

ဟိုဆော့ဟာ အချစ်တွေကို မျက်ကွယ်ပြုကာ တိတ်တဆိတ်ကြေကွဲတဲ့သူဖြစ်ခဲ့တယ် .....

အားလုံး ပေးဆပ်ခဲ့ကာ ဘယ်သူမှ သာတယ်နာတယ်မရှိခဲ့ပါ ။
မချစ်ဘူးဆိုပြီးလည်း ချစ်နေကျတာဘဲလေ
ကျွန်တော်တို့ သူများကို ကောင်းကောင်းလိမ်လို့ရပေမယ့် ကိုယ့်ကိုကိုယ်တော့လိမ်လို့မရခဲ့ကျပါဖူး

လူသားတစ်ယောက်စီမှာ ရူးရူးမူးမူးချစ်မိတဲ့ လူသားလှလှလေးတစ်ယောက်တော့ရှိဖူးကျတာဘဲလေ
ကံတရားကြောင့် မပေါင်းဖက်လိုက်ရတာနဲ့
ကံ‌အကောင်းလွန်ကာ ပေါင်းဖက်လိုက်ရတာဘဲ ကွဲပြားခဲ့ကျတာပါ
ကျွန်တော်တို့ ဘဝမှာ တစ်ခါတော့ အချစ်ကိုရူးမိုက်မိကျဖူးပါတယ်

ကိုယ်ချစ်မိတဲ့သူဟာ ကိုယ့်ကို အနာပေးပေး ဆေးပေးပေး ကျွန်တော်တို့ တယုတယ ထုတ်ပိုးသိမ်းဆည်းတတ်ကျတာကြည့်ဘဲ

လွမ်းတဲ့အခါ ထုတ်ကြည့်မိတဲ့ ရင်ထဲက အမှတ်တရတွေဟာ
နာကျင်ရတဲ့ အမှတ်တရဖြစ်စေ
ပျော်ရွှင်ရတဲ့အမှတ်တရ‌ဖြစ်စေ
မှိတ်ထားမိတဲ့ မျက်လုံးတစ်စုံထဲသူ့မျက်နှာလေး ပေါ်လွှင်လာတာမို့ ကျွန်တော်တို့ အရူးလို ပြုံးမိကျတာဘဲ မဟုတ်လား

ကျွန်တော်တို့ဟာ လူတစ်ယောက်ကိုချစ်မိလို့ နာကျင်မိသွားရင် ထပ်ချစ်ရမှာကြောက်ကုန်ရော
ဒါပေမယ့် ဘဝမှာ အချစ်က တစ်မျိုးထဲရှိတာမှမဟုတ်ဘဲ ကျွန်တော်တို့ ထပ်ချစ်ကြည့်ရင်လည်း အဆင်ပြေပါတယ်

နာကျင်ရသည် ဖြစ်စေ
ပျော်ရွှင်ရသည်ဖြစ်စေ
ချစ်ရသူကြောင့် ဖြစ်ပေါ်လာတဲ့ the best feeling လေးတွေမို့ ကျွန်တော်တို့ မစွန့်ပစ်ရက်ခဲ့ပါ
လူသားအားလုံး အချစ်မှာ ဒူးထောက်ကျရတာကြည့်ပါဘဲ .....

MapleWhere stories live. Discover now