ထယ်ယောင်းနဲ့ဟိုဆော့သည် ပြန်ရလိုလို မပြန်ရလိုလိုနဲ့ ဟိုနားရပ်ဒီနားရပ်ဖြစ်နေကျသည်
အကုန်လုံးပြန်သွားသော်လည်း ဂျောင်ကုသည် လုပ်စရာရှိသေးသည်ဟူ၍ တော်တော်နဲ့ထွက်မလာ
သူတို့နှစ်ယောက်က ပြန်သွားလျင် ဂျီမင်းတစ်ယောက်ထဲစောင့်နေရမည်စိုး၍ ကူစောင့်ပေးနေကျချင်း
စောင့်သာစောင့်နေရတာ ထယ်ယောင်းခမျာ မျက်ခုံးက တစ်လှုပ်လှုပ် ဘယ်ချိန်က ဘယ်လို စကားလမ်းကြောင်းတည့်သွားမှန်းမသိသော ဆရာပိစိနဲ့ချစ်ရသူဟိုဆော့သည် ဘေးတွင်ရပ်နေသော သူ့တောင်သတိရကျသေးရဲ့လားမသိ သူတို့စကားနဲ့သူတို့ကောင်းနေကျသည်
ဟိုဆော့သည် ဆရာပိစိအား သနားတယ်ဟု အမြဲပြောနေသူဖြစ်တာကြောင့် စကားပြောရင်း ဆေးရုံကိစ္စသိထားကျတာ ထွက်သွားမည်ဆိုး၍ ဇောချွေးပြန်နေရသည်
"ကျွန်တော်တို့လည်း ကျောင်းအပြီး အဲ့နေ့ကစပြီး ဆရာ့ကိုမတွေ့ရတော့လို့လေ အဲ့တာ "
"ဟုတ်တယ် ဟိုဆော့ရဲ့ အဲ့နေ့ကကိစ္စအတွက် အများကြီးတောင်းပန်ပါတယ် "
ခေါင်းလေးငုံ့ကာ တောင်းပန်နေသော အဖြူရောင်ဝတ်စုံလေးနဲ့ဆရာသည် သိမ်သိမ်ငယ်ငယ်လေး
"မဟုတ်တာ ဆရာက ဂျောင်ကုကောင်းဖို့လမ်းကိုရွေးပေးခဲ့တယ်ဆိုတာကျွန်တော်နားလည်ပါတယ် ဂျောင်ကုဘဲအများကြီးပင်ပန်းခဲ့တယ်ထင်နေတာ တကယ်တော့ ဆရာကပိုပင်ပန်းတယ်မဟုတ်လား
ချစ်ရတဲ့သူကို အနားမှာခေါ်ထားခွင့်မရတာလေ "ခပ်လှမ်းလှမ်းတွင်ထိုင်ကာ ခေါင်းကုတ်ခြေကုတ်ဖြစ်နေသော ထယ်ယောင်းအား ကြည့်ကာ ဟိုဆော့ တွေတွေလေး ပြောလာသည်
"ပင်ပန်းတယ်လို့လည်း မထင်ပါဘူး
ကိုယ်ချစ်နေတာ ကိုယ်သိရင်ပြီးရော
ဟိုဆော့ရော ဘာလို့အပင်ပန်းခံနေရတာလဲ
ကိုယ်ရိပ်မိတာကတော့ ထယ်ယောင်း ဟိုဆော့ကို စိတ်ဝင်စားနေတာ ဟိုးကတည်းက မဟုတ်လား ""ဆရာက အကဲခတ်တော်တာလား
ကျွန်တော်တို့ကဘဲ မနေတတ်မထိုင်တတ်ဖြစ်နေလို့ ရိပ်မိရတာလား မသိတော့ပါဘူး "
YOU ARE READING
Maple
Fanfictionမျက်မှန်လေးအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေ ကိုယ့်ကြောင့်ခက်ထန်သွားလို့ တောင်းပန်ပါတယ် ဂျောင် မကြျမှနျလေးအောကျက မကြျလုံးဝိုငျးဝိုငျးလေးတှေ ကိုယ့ျကွောင့ျခကျထနျသှားလို့ တောငျးပနျပါတယျ ...