Pt.32

3.2K 226 28
                                    

စောင်ဖြူဖြူအောက် 2ယောက်ခြုံကာ နိုးထလာသော နံနက်ခင်းလေးသည် ဂျီမင်းအား အစွမ်းကုန် ပြုံးရယ်မိစေသည်

နိုးနေသော်လည်း ဂျောင်က ဖက်ထားတာကြောင့် ထမရခဲ့
မျက်လုံးလည်း မဖွင့်သေးဘဲ ဂျောင့်ကို ပြန်ဖက်ကာ မိန်းနေလိုက်တော့သည်

ညကဂျောင် ဆိုးသွမ်းမှုပြီးသွားတော့
မောပန်းသွားသော ကျွန်တော့အား ချော့မော့ကာ သန့်ရှင်းရေးလုပ်ပေးစေပြီး ဂျောင်ကိုယ်တိုင် ညအိပ်ဝတ်စုံလေးဝတ်ပေးခဲ့သည်

ဂျောင်ကတော့ အားကစားဘောင်းဘီ တစ်ထည်သာ ကောက်စွတ်၍ အင်္ကျီမပါသော ရင်ဘတ်ကျယ်ကျယ်တွေဖြင့် ကျွန်တော့အား ဖက်အိပ်ခဲ့ပါသည်

ဂျီမင်းသည် ဒီတိုင်း မှိန်းနေလို့လည်း မဖြစ်သေးတာကြောင့် အကြောလေးများဆန့်ကာ
မျက်လုံးများ ဖွင့်လိုက်တော့ ဝင်ရောက်လာသော မျက်နှာကြပ်ရှိ ပုံများ

ကောင်လေးတစ်ယောက်အား မတူညီတဲ့ ရှု့ထောင့်တွေကနေ ရိုက်ထားသောပုံ

ထို့ပြင် ထိုပုံများသည်တစ်နေ့တည်းတွင် ရိုက်သည်မဟုတ်ဘဲ နေ့တိုင်းနေ့တိုင်း ထိုကောင်လေးကိုဘဲ သေချာချိန်ရွယ်ရိုက်ထားသောပုံလေးတွေ

နောက်ကျောပြင်သေးသေးလေးတွေ
ရီမောနေသော ပုံလေးတွေ
အစားစားနေသော ပုံလေးတွေ
တကယ် တကယ် အများကြီး
ဂျီမင်းခေါင်းလေးအား အခန်းထဲတွင် အပြည့်ဖြစ်နေသော ပုံလေးတွေအားကြည့်ကာ 360ဒီဂရီ စောင်းနေလျှက်

သူအံ့ဩရပါတယ်
ထိုပုံထဲရှိ လူသားငယ်သည် သူဖြစ်နေတယ် ဆိုသောကြောင့်ပိုအံ့ဩရသည်

ဂျောင်က ဒီလောက်တောင်လား ဟု သူမေးခွန်းမထုတ်မိတော့ ဂျောင်ဘယ်လောက်ချစ်သလဲ သူအသိဆုံးမလို့လေ

‌အဲ့တာကြောင့် သူ့အခန်းထဲကို ဝင်မရှင်းနဲ့လို့ပြောတာကိုး
အဲ့တုန်းက ကျွန်တော်အထင်တောင်လွဲပြီး ဂျောင့်ကို စိတ်ဆိုးခဲ့မိသေးတာ
ခုပြန်တွေးတော့ အားနာရသည်

ဂျီမင်းသည် ပုံလေးတွေအားတစ်လှည့်
အိပ်ပျော်နေသော ဂျောင့်အား တစ်လှည့်ကြည့်ကာ ဝမ်းနည်းလာရသည်

MapleWhere stories live. Discover now