Pt.8

2.6K 265 13
                                    

October 13ရက် ....

Park အိမ်တော်တစ်ခုလုံးအကုန်အလုပ်ရှုပ်နေကျသော်လည်း ချစ်စရာကောင်းစွာအိပ်ပျော်နေသော မွေးနေ့ရှင်လေးလည်းရှိနေသည်

ဒီနေ့က သူ့ရဲ့ညီငယ်လေးမွေးနေ့မဟုတ်လား
သူလည်းအလုပ်ကိစ္စတွေနဲ့မို့ ညီလေးကိုအချိန်မပေးနိုင်တာအတော်ကြာနေပြီဖြစ်တာကြောင့် မွေးနေ့လေးတွင် အချိန်ပေးရန် ကုမ္ပဏီရှိ အလုပ်များအား အတွင်းရေးမှူး ထံအပ်နှံခဲ့သည်

"ကြီးမေ ဂျီမင်းရော "

ခါတိုင်းဒီကလေးဒီချိန်ဆို ထမင်းစားခန်းထဲမှာ မနက်စာစားရင်းတကျီကျီဖြင့် ပူဆာနေတတ်သော်လည်း ဒီနေ့မှ မတွေ့မိ

"သားငယ်က မနိုးသေးဘူးထင်တယ်
ကြီးမေ သွားနှိုးပေးရမလား သား"

"ရတယ်
သားဘဲ သွားနှိုးလိုက်ပါ့မယ် "

ကြီးမေအား ပြောပြီး အပြောထပ်သို့တဖြည်းဖြည်းတက်လာခဲ့တော့သည်
အခန်းတံခါးလေးအား အသာလေးတွန်းကာ ဖွင့်ဝင်ခဲ့တော့ အိပ်ယာပေါ်တွင် စောင်တွေနဲ့လုံးကာအိပ်ပျော်နေသော ညီငယ်လေး

အိပ်ပျော်နေသော ညီငယ်လေးဘေး ဝင်ထိုင်ကာ ဆံပင်လေးတွေသပ်တင်ပေးလိုက်သည်
ထို့နောက် စားပွဲခုံပေါ်တွင်တင်ထားသော ‌မိသားစုဓါတ်ပုံလေးအား သူယူကြည့်ကာမျက်ရည်ဝဲရသည်
ဒီဓါတ်ပုံလေးက သူတို့မိသားစုရဲ့ နောက်ဆုံးပုံလေးမဟုတ်လား
ဓါတ်ပုံထဲတွင် မျက်လုံးလေးများ မှိတ်သည်အထိ ရယ်မောနေသော 5နှစ်သားလေးသည် ခုတော့ အေးအေးချမ်းချမ်းအိပ်ပျော်နေသော အသက်အရွယ်တစ်ခုရဲ့လူကြီးလေးတောင်ဖြစ်လာပြီ

ကျေးဇူးတင်ပါတယ်ဖေဖေနဲ့မေမေ သားကို ဒီလိုချစ်စရာကောင်းတဲ့ ကလေးလေး မွေးဖွားပေးခဲ့လို့
ငယ်ငယ်လေးနဲ့ ဝန်ထုတ်ဝန်ပိုးတွေ လုပ်ဆောင်ခဲ့ရလည်း ဒီကလေးလေးရှိနေလို့သူအဆင်ပြေခဲ့ပါတယ်
ထားခဲ့တာတွေအတွက် ကျွန်တော်အပြစ်မတင်တော့ပါဘူး ဖေဖေနဲ့မေမေ
တကယ်ကို ကျေးဇူးတင်ပါတယ် ....

"ကိုကို "

နိုးလာပြီဖြစ်သောညီငယ်လေးသည် ဘေးတွင်ထိုင်နေသော သူ့ခါးအားလှမ်းဖက်ကာ ချွဲတော့သည်

MapleWhere stories live. Discover now