Pt .34

3K 263 34
                                    

Jeon Gpထဲသို့ ဝင်လာသော သူသည် လက်ကလေးတွင်လည်း စားစရာဘူးကလေးများကိုကိုင်ထားကာ ဆွယ်တာအပါးလေးဖြင့် လှရက်လွန်းနေသည်

ကားမမောင်းတတ်တာကြောင့် တိုးစီးခဲ့ရသော ဘတ်စ်ကားသည် လူလည်းအတော်ကြပ်နေခဲ့သဖြင့် ဂျီမင်းပုံလေးသည် ဖရို့ဖရဲလေး

နှဖူးပေါ်တွင် ထွက်နေသော ချွေးစလေးများအား သူအင်္ကျီလက်လေးဖြင့်ခပ်ဖွဖွဖိသုတ်လိုက်ကာ ဂျောင်ရှိရာအရပ်ယောင်လည်လည်လေး ဝင်လာခဲ့သည်

ကုမ္ပဏီထဲ စဝင်လာကတည်းက ဝိုင်းကြည့်လာသော အကြည့်တွေသည် ဂျီမင်းခြေလှမ်းတိုင်းပါပါလာနေသဖြင့် အိမ်တွင်းပုန်းလေးကျောင်းဆရာသည် မနေတတ်ခဲ့

ကို့ကိုအလုပ်တောင် ခုလိုဝိုင်းကြည့်ခံရတာကြောင့် သူတစ်ခါဘဲလိုက်ခဲ့ဖူးကာ ကိုကို့ကို စိတ်ဆိုးခဲ့ဘူးတာ ခုက ဂျောင်ကြောင့် ကိုယ်စိတ်နဲ့ကိုယ်ရောက်လာတာ

ကြည့်ဘဲကြည့်နေကျတယ် ဘာလာလုပ်တာလဲလည်းမမေး ဘယ်သူ့ဆီလာတာလဲလည်းမမေးသော ဝန်ထမ်းလေးတွေအား ဂျီမင်းစိတ်ကလေးဆိုးချင်လာသည်

သူက ဂျောင့်ဆီကိုသာထွက်လာတာ ဂျောင်က ဘယ်မှာမှန်းလည်းမသိ ဘယ်သူ့ကိုမှလဲမမေးရဲ တကယ် ဂျီမင်းသည် မျက်လုံးလေးကလယ်ကလယ်ဖြင့် ဂျောင်ကျွမ်းကျင်သောနယ်ပယ်မှာ ငိုချ ချင်နေခဲ့သည်

အိမ်တွင်းပုန်း စာလေးဘဲသင်ပြတတ်ခဲ့သောဆရာလေးသည်လူကလေးတွေရှုပ်လာတဲ့အခါ စိတ်ကလေးတွေပါ ရှုပ်လာခဲ့သည်

ဂျောင်ရှိတဲ့ဒီအဆောက်အဦးအကြီးကြီးထဲ
သူဘယ်ကဘယ်လိုစရှာရမှာလဲလို့
သူဒီထိရောက်လာဖို့တောင်ဘယ်လောက်အရဲစွန့်ခဲ့ရသလဲ

ဂျီမင်းတစ်ယောက်ထဲ ချွေးပျံနေစဉ် အတိတ်က ကျောင်းသားလေးဂျောင် ပြောခဲ့ဖူးသောစကားလေးတစ်ခွန်းဖြတ်ခနဲသတိရသွားသည်

"ကျွန်တော်သာမရှိရင် ဆရာ့ကို ရောင်းစားသွားကျလိမ့်မယ်"ဟူသော ဂျောင့်စကားသည်တကယ်လည်း မှန်ကန်နေခဲ့ပါသည်

ခုချိန် "လာမင်းကို ဂျောင်ကုဆီလိုက်ပို့မယ်"ဟု တစ်ယောက်ယောက်ကလာခေါ်ခဲ့ပါက သူတကယ်လိုက်သွားလိုက်မည်

MapleWhere stories live. Discover now