Pt.3

3.2K 307 2
                                    

ကိုကို့အား ထီးလေးဖြင့်စောင့်နေစဉ်
ကားတစ်စီး၏ လက်လွတ်စပယ်မောင်းနှင်မှု့ကြောင့် သူ့ဖိနပ်လေးတွေကော အင်္ကျီတွေကော တစ်ကိုယ်လုံးစိုရွဲသွားရသည်...

မိုးရွာတာကိုကြိုက်ပေမယ့် ဒီလိုတွေကိုတော့သိပ်သဘောမကျလှ
ကိုကိုသည် လူချမ်းသာတစ်ယောက်ဖြစ်သော်လည်း  ကားမောင်းရာတွင် စည်းကမ်းရှိသူဖြစ်၍ ဒီလို ဖြစ်ရပ်မျိုးတွေအား မဖြစ်စေသလို ကိုယ်တိုင်လည်းမကြုံဖူး
ခုမှ နှဖူးတွေ့ဒူးတွေ့

အချို့ အချို့ ကားမောင်းသမားများသည် ပတ်ဝန်းကျင်ဘာညာ ဘာမှမကြည့် သူတို့လိုရာရောက်ဖို့သာ တစ်ဇွတ်ထိုးမောင်းကျသည်
အဲ့လိုလူမျိုးတွေကိုတော့ ဂျီမင်းသည် စိတ်ထဲတွင် တစ်ကိုယ်ကောင်းသမားတွေဟု ပစ်ပစ်နှစ်နှစ်ဝေဖန်တတ်သည်

ဂျီမင်းတစ်ယောက် နှုတ်ခမ်းဆူကာ ဆက်စောင့်နေလိုက်သည်
ပါးစပ်မှလည်း ပွစိပွစိဖြင့်

ယွန်းဂီ အစည်းအဝေးပြီးပြီးချင်း ကားဖြင့် ညီငယ်လေးကို သွားကြိုသည်

"ကျစ် ဒီနေ့မှ မိုးကလည်းရွာနေတာ
ကလေးကမှ အအေးမိမြန်ပါတယ်ဆို "

မောင်းနှင်လာခဲ့ရာ 15မိနစ်လောက်တွင် ကျောင်းတည်ရှိရာနေရာသို့ရောက်ခဲ့သည်

တွေ့ပါပြီ သူ့ညီငယ်လေး.
ထီးကိုဘယ်သူက ပေးလိုက်တယ်မသိ ထီးအောက်ပျောက်နေကာ ပါးစပ်မှလည်း ပွစိပွစိဖြင့်
ဒါသေချာပေါက် စိတ်ဆိုးချင်းလက္ခဏာရပ်
ဘုရားစူး....ကလေးတွေရဲ့ ဆရာပါ

ကိုကိုရောက်လာ၍ ဝမ်းသာသွားကာ
ချမ်းနေပြီလည်းဖြစ်၍ ကားထဲမြန်မြန်သာဝင်လိုက်သည်

"ကြာသွားတယ် ကလေးရေ
ကိုကိုတတ်နိုင်သလောက်မြန်မြန်လာပါတယ်
ကိုကို့ကလေးလေး စောင့်လိုက်ရတာ sorryပါကွာ "

"ရပါတယ်
ကိုကိုသာ မိုးရွာနေတာ မြန်မြန်မောင်းမနေနဲ့
ရေတွေသူများတွေစင်ကုန်ရင်လည်း မကောင်းဘူးလေ "

"ကိုကို့ညီလေးက လိမ်မာလိုက်တာကွာ "

ခုမှသေချာကြည့်မိတယ်
ဒီကလေး သူ့ကိုစောင့်နေရင်း မိုးရေပါ ချိုးထားတာလား ပေတူးနေတာဘဲ

MapleWhere stories live. Discover now