Pt.20

2.8K 270 20
                                    


"ရေသောက်ကျပါဦး နှစ်ယောက်လုံး "

ထိုအသံကတော့ အိမ်ကြီးရှင် နမ်ဂျွန်းထံမှ ထွက်လာသောစကားသာဖြစ်သည်

မိမိအိမ်တွင် ထသတ်မသတ်ရန် ဆုတောင်းနေရုံမှအပ ဘာမှမလုပ်နိုင်

ဂျီမင်းဘေးတွင် ဂျစ်ကန်ကန်ဖြင့်ထိုင်နေသော ဂျောင်ကုကိုတစ်လှည့် ၊မိမိဘေးတွင် ဒေါသမီးတောက်နေသော အကြည့်တွေဖြင့် ဂျောင်ကုအား စားမတတ်ဝါးမတတ်ကြည့်နေသော ယွန်းဂီအားတစ်လှည့်ကြည့်ကာ ကြားထဲမှ နမ်ဂျွန်းခေါင်းတစ်ခါခါဖြင့်သာ

တရားရုံးရှေ့မှရန်ပွဲသည် ဂျီမင်း၏ ငိုသံတစ်ဝက်ဖြင့် ထွက်လာသော တားဆီးသံကြောင့် နှစ်ယောက်သား ရှူးရှူးရှဲရှဲဖြင့် နောက်ဆုတ်သွားကျတာ
တကယ်တော့ နှစ်ယောက်လုံး ဒေါသကမငြိမ်းသေး
အေးအေးဆေးဆေး စကားပြောကျရန်
နမ်ဂျွန်းချော့မော့ကာ ခေါ်လာမှ အိမ်ထိပါလာကျတော့သည်

"ဂျီလေး ဘာစားမလဲ
ဒေါက်တာဘာလုပ်ကျွေးရမလဲ ဟင် "

အားပြိုင်မှုတွေကြား မျက်နှာလေးဇီးရွက်လောက်သာ ကျန်တော့သော ဂျီမင်းအား ဒေါက်တာစိတ်မကောင်းစွာ ချော့မြူနေရသည်

ဒီကလေးလေး အပင်ပန်းဆုံးဖြစ်ခဲ့တာမဟုတ်လား
အချို့က တွန်းထုတ်ခံရသူ  အထက်တန်းပြီးကာစ ကျောင်းသားလေးဂျောင်ကို သနားကျလိမ့်မည်
အချို့တွေကတော့ ညီငယ်လေးအား ချစ်တတ်လွန်းသူ စီးပွားရေးလုပ်ငန်းရှင်ကြီး ယွန်းဂီအား သနားကျလိမ့်မည်
ကျွန်တော်ကတော့ ဖြူဖြူစင်စင် ဆရာလေးကို အသနားဆုံးဖြစ်သည်

ယွန်းဂီသည် နမ်ဂျွန်းဖြည့်ပေးထားသော ရေတစ်ခွက်အား ကုန်အောင်သောက်ပစ်ကာ စကားစလာတော့သည်

"ကွာရှင်းလိုက် "

ယွန်းဂီစကားအဆုံးကြည့်လာကျသော မျက်ဝန်းနက်နက် နှစ်ဆုံ

"ယွန်းဂီ ကလေးတွေက အခု...မှ.."

"‌ငါဂျောင်ကုအကြောင်းသိတယ် ကွာရှင်းလိုက် ကလေးလေး "

နမ်ဂျွန်းသည် အဆင်ပြေရာပြေကြောင်း ဝင်ပြောပေမယ့် ယွန်းဂီပါးစပ်က ကွာရှင်းလိုက်သာထွက်နေတော့သည်

MapleWhere stories live. Discover now