Pt.14

2.2K 229 14
                                    

ဂျီမင်းသည်ဆေးရုံတွင် ရက်အနဲငယ်နေကာ ဆင်းလာရတော့ အိမ်၌ အနားယူစေသည်

နမ်ဂျွန်း၏ အချိန်ရှိတိုင်းဆုံးမမှုကြောင့် ဂျီမင်းတစ်ယောက် သူ့အစ်ကိုပေါ် မေးထူးခေါ်ပြောတော့လုပ်လာခဲ့သည်

ကျွန်တော် ကို့ကိုကိုယ် မမုန်းပါဘူး
ဒါပေမယ့်စကားတော့မပြောချင်ဘူး

ယွန်းဂီသည်လည်း ထိုကိစ္စဖြစ်ပြီးသည့်နောက်တွင် သူ့ညီငယ်အပေါ်အားလုံး လွတ်လပ်ခွင့်ပေးခဲ့သည်
ချုပ်ချယ်မှုဆိုတာ မရှိရလောက်အောင် ဂျီမင်းအား သူအလိုလိုက်ခဲ့ပါသည်

စိတ်ကူးပေါက်မှ စကား ပြောသော ကလေးလေးအား အပစ်လည်းမဆိုချင်သလို အပစ်လေးတောင်သူမမြင်ရက်ခဲ့ပါ

အားလုံး ဂျီမင်းသဘော
ဂျီမင်းစိတ်ကြိုက်သာ ပြုမှုနေထိုင်ပေးခဲ့သည်
မင်ယွန်းဂီသည် သူ့ညီငယ်အား ထိုမျှလောက်ထိ ချစ်ပေးခဲ့ပါသည်

ခုလည်းကြည့်လေ ကျန်းမာရေး၌ စိတ်ချရလာသောအခါ ဂျီမင်းသည် နမ်ဂျွန်း ပရဟိတ လုပ်မည့်နေရာသို့ လိုက်ပါ ကူညီပေးမည်ဆိုသောကြောင့် စိတ်ပူသော်လည်း မတားရက်ခဲ့ပါ အဝတ်တောင်ကူထည့်ပေးနေသည်

"ကိုကို အထူကြီးတွေမလိုလောက်ပါဘူး "

ဒါ ပထမဆုံး သူ့ကလေးလေး စကားအများဆုံးပြောသော အချိန်ဘဲဖြစ်ပါလိမ့်မည်
စိတ်တွေ‌‌ေလျာ့လိုက်ပုံပေါ်သည် ဂျီမင်းသည် ပထမတုန်းကလောက် ယွန်းဂီအား
လစ်လျူမရှူးတော့

"ထည့်သွားပါ ခုမှ ကျန်းမာရေးကောင်းခါစမဟုတ်လား နေရာအကူးအပြောင်းဆိုတော့ ကိုကိုစိတ်ပူနေလို့ "

ကျွန်တော် ကိုကို့ကို စိတ်တွေဆိုးဖူးပါတယ်
တကယ်တော့ ဒီလိုတွေ ဂျောင်နဲ့ဝေးကွာနေရတာ ကိုကို့ကြောင့်မှမဟုတ်ဘဲ ကိုကိုကိုယ်တိုင်ကတောင် ထွက်သွားမယ်ဆိုတုန်းက ခွင့်ပြုခဲ့ပြီးသားမဟုတ်လား
သူကသာ အတွေးတွေများပြီး ဆုံးဖြတ်ခဲ့တာလေ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နာကျင်နေရတာကို သူကိုကို့ကြောင့်လို့ လိုရာဆွဲအပစ်တင်ခဲ့မိသေးတာ

တကယ်ဆို သူ သေပစ်ဖို့ဆုံးဖြတ်ခဲ့တာကို ကိုကိုကတောင် စိတ်ဆိုးရမှာမဟုတ်လား
ခုဟာက သူက ကိုကို့အပေါ်မတရားသလိုဖြစ်နေပြီ
နမ်ဂျွန်း Hyg‌ပြောပြတုန်းကဆို သူတကယ် ကိုကို့ကိုအားနာခဲ့တာပါ
အဲ့တာကြောင့်လည်း စကားသိပ်မပြောတာ
ဒါတောင်ကိုကိုက သူ့ကို ဘာအပစ်တစ်ခုမှမဆိုတဲ့အပြင် ဘာမှလည်း မချုပ်ချယ်ခဲ့ပါ

MapleWhere stories live. Discover now