ကိုယ်ဘယ်တုန်းကမှ မင်းကိုအနိုင်မယူခဲ့ဖူးပါဘူး ဂျောင်
အချစ်ဦးဖြစ်တဲ့မင်းကို ကိုယ်သိပ်ချစ်ခဲ့သလို ခုထိလည်းချစ်တုန်းပါဘဲ
မင်းကိုချစ်လွန်းလို့ ကိုကို့ နယ်မြေဖြစ်တဲ့ ကျောင်းရဲ့ Maple တန်းတွေအောက်က ခုံမှာ ကျကျနနထိုင်ပြီး နမ်းရဲရလောက်အောင်ထိ မင်းအပေါ်ယိမ်းယိုင်ပြီး အလိုတွေလိုက်ခဲ့တာ
မင်း သတိမထားမိလို့ပါဂျောင်
ကိုယ်မင်းကို တွန်းထုတ်ခဲ့ချိန်ထိ မချစ်ပါဘူးဆိုတဲ့စကားလေး တစ်ခွန်းတောင် မထွက်ခဲ့ပါဘူးမင်းကိုယ့်ကို မယုံရင်တောင် ကိုယ့်အချစ်တွေကိုတော့ မင်းယုံပြီး ပြန်လာခဲ့ပေးပါ
အရမ်းချစ်တယ် ကိုယ့်မျက်မှန်လေးဂျောင်
ဝေးကွာခဲ့တဲ့ရက်တွေမှာ ကိုယ်မင်းကိုငိပ်လွမ်းခဲ့ပါတယ် ရူးမတက်လေ
မင်းဟာတော့ ပတ်ဂျီမင်းကြီး ဟာသတွေသိပ်ပြောတာဘဲဆိုပြီးထင်ချင်ထင်နေမှာ
ကိုယ့်လွမ်းချင်းအင်္ဂါရပ်တွေကို ကိုယ့်အခန်းလေးရယ် noteစာအုပ် လှလှလေးရယ်က အသိဆုံးပါဂျောင် .....ကျွန်တော်လိုက်ပါလာတဲ့ ကားလေးဟာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ပျင်းစရာကောင်းလှသည်
ထယ်ယောင်းနဲ့ဟိုဆော့ဆိုသော ကလေးနှစ်ယောက်ဟာ အရှေ့မှာထိုင်ပြီး ကျွန်တော်ရယ် ဂျောင်ရယ်ဟာလည်း ကားနောက်ခန်း၌သာ လိုက်ပါလာကျသည်
အကုန်သူတပည့်လေးတွေမဟုတ်လား
ကျွန်တော် ခုမှ ထယ်ယောင်းနဲ့ဟိုဆော့ဆိုသော ကလေးနှစ်ယောက်ကို စေ့စေ့ကြည့်ဖူးချင်းပါ
ဘုရားစူးကိုယ်စာသင်ခဲ့တဲ့ ကလေးတွေကိုလေဂျောင့်ကိုဘဲကြည့်ခဲ့တာမို့ သူပတ်ဝန်းကျင်ကို မေ့လျော့ခဲ့ပုံပဲနော်
"ဆရာဂျီမင်းကို ခုမှဘဲ ပြန်တွေ့ရတော့တယ်"
တိတ်ဆိတ်နေချိန် ကားမောင်းနေသော ထယ်ယောင်းမှ ဂျီမင်းအား စကားလှမ်းပြောလိုက်သည်
"ဟုတ်တယ် ထယ်ယောင်းရဲ့ ဆရာ ပရဟိတလုပ်ငန်းတွေနောက်လိုက်ပြီး ပြန်မလာဖြစ်တော့တာ တစ်နှစ်တစ်ခါတော့ ကိုကိုစီပြန်လာပါတယ် ထယ်ယောင်းတို့နဲ့မတွေ့ဖြစ်လို့ပါ "
YOU ARE READING
Maple
Fanfictionမျက်မှန်လေးအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေ ကိုယ့်ကြောင့်ခက်ထန်သွားလို့ တောင်းပန်ပါတယ် ဂျောင် မကြျမှနျလေးအောကျက မကြျလုံးဝိုငျးဝိုငျးလေးတှေ ကိုယ့ျကွောင့ျခကျထနျသှားလို့ တောငျးပနျပါတယျ ...